12/03/2016

♪ " ကင်မရာနှစ်ခုပါဝင်ခြင်းက တစ်ခုတည်းဖြစ်ခြင်းထက် ပိုမိုကောင်းမွန်ရသည့် အကြောင်းအရင်း (၅) ခု " ♫


မကြာသေးခင်က ကမ္ဘာမှာခေတ်စားသွားတဲ့ အထင်ကရ Leica အမှတ်တံဆိပ်နဲ့ ပထမဆုံး ပူးပေါင်း ဖန်တီးထားတဲ့ Huawei P9 လိုမျိုး စမတ်ဖုန်းအချို့မှာ ကင်မရာနှစ်ခုပါဝင်လာတာကို တွေ့မြင်ခဲ့ကြမှာပါ။ အဲ့ဒီလိုဆို ကင်မရာနှစ်ခုပါတာက တစ်ခုထဲထက် ဘာလို့ပိုကောင်းတာလဲ။ ကမ္ဘာတစ်ဝှမ်းက စမတ်ဖုန်း အသုံးပြုသူတွေက ကင်မရာနှစ်ခုပါတာကို ဘာလို့ နှစ်သက်လာကြသလဲဆိုတာနဲ့ မြင့်မားတဲ့ ဈေးနှုန်းမ ဟုတ်ဘဲ အဆင့်မြင့် ကင်မရာနှစ်ခု အတွေ့အကြုံကို သင်ကိုယ်တိုင် ဘယ်လိုခံစားနိုင်မလဲဆိုတာ သိရအောင် ရေးသားဖော်ပြပေးလိုက်ပါတယ်။

၁။ အလေးချိန် တိုးသွားခြင်းမရှိဘဲ အာရုံခံကိရိယာ ပိုများလာခြင်း

စမတ်ဖုန်းတွေဟာ အဓိက အကြောင်းရင်းတစ်ခုကြောင့် နည်းပညာမြင့်မားတဲ့ DSLRs တွေဖြစ်ဖို့ ကြိုး ပမ်းရာမှာ ခက်ခဲလှတဲ့ အခြေအနေရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ အိတ်ကပ်တွေထဲ ထည့်ဖို့ သေးငယ်တဲ့ ကိရိယာဟာ အမှန်တကယ်ကောင်းမွန်တဲ့ ရိုက်ချက်တွေရရှိနိုင်ဖို့ လုံလောက်တဲ့ အာရုံခံနေရာ အတွက် နေရာမရှိတာဘဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကင်မရာနှစ်ခုပါတဲ့ ဖုန်းတွေကတော့ အဲ့ဒီ အချက်ကို လုံးဝ ပြောင်းလဲပစ်လိုက်ပါပြီ။ ကင်မရာနှစ်ခုပါရှိခြင်းက ပိုမိုများပြားသေးငယ်တဲ့ အစက်အပြောက်တွေရဲ့ အချက် အလက်နဲ့ အသေးစိတ်ကို ဖမ်းယူဖို့အတွက် အာရုံခံနေရာတွေ ပိုမိုရရှိစေပါတယ်။ အဲ့ဒါကြောင့် ကင်မရာ နှစ်ခုပါဝင်တဲ့ ဖုန်းတွေက ပိုကောင်းတဲ့ HDR mode ၊ ပိုမိုများပြားတဲ့ ရွေ့လျားအကွာ အဝေး၊ ကောင်းမွန်တဲ့ အလင်းရောင်နည်း ဓာတ်ပုံ၊ ပိုမိုမြန်ဆန်တိကျတဲ့ auto-focus ကို ရရှိစေပါတယ်။

၂။ မည်သည့် အလင်းရောင် အခြေအနေမှာမဆို စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ခြင်း

မကြာသေးခင်ကအထိ ညဘက် ရိုက်ကူးမှု၊ indoor ရိုက်ကူးမှု ဒါမှမဟုတ် ပုံမှန်ထက်အလင်းရောင် အားနည်း မှုအခြေအနေတွေမှာ ရိုက်ချက်ကောင်းတွေ ရရှိဖို့အတွက် စမတ်ဖုန်းတွေဟာ အလင်းရုပ်ပုံအား တည်ငြိမ် အောင် လုပ်ပေးတဲ့စနစ် (OIS) အပေါ်မှာ မှီိခိုနေပါတယ်။ OIS စနစ်က ရိုက်ချက်တွေကို မှုန်ဝါးစေနိုင်တဲ့ မရည်ရွယ်ဘဲ လက်လှုပ်သွားတာမျိုးတွေအတွက် ရုပ်ပုံတွေကို ပြန်ဖာထေးပေးနိုင်ဖို့အတွက် အလင်းတံခါးကို ပုံမှန်ထက် ကြာကြာဖွင့်ပေးထားပါတယ်။ ဒါပေမဲ့ OIS စနစ်က ပြီးပြည့်စုံအောင် ကောင်းမွန်တာတော့ မဟုတ်ပါဘူး။ အကယ်၍သင်ဟာ အလင်းရောင်နည်းတဲ့ အခြေအနေမျိုးမှာ ရွေ့လျားနေတဲ့ အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်မယ်ဆိုရင် OIS စနစ်ဟာ သင့်လက်ရဲ့ လှုပ်ရှားမှုနဲ့ အရာဝတ္ထုရဲ့ လှုပ်ရှားမှု နှစ်ခုလုံးအတွက် ပြန်ဖာထေးပေးနိုင်မှာ မဟုတ်ပါဘူး။ ကင်မရာနှစ်ခု စမ်းကြည့်ပါ။ ပိုမိုများပြားတဲ့ အလင်းရောင်ကို လက်ခံဖို့ အာရုံခံကိရိယာတွေအတွက် နေရာပိုမိုရှိခြင်းကြောင့် ကင်မရာနှစ်ခုကို အသုံးပြုနေသူတွေဟာ အိမ်ထဲမှာရှိ နေတဲ့ အချိန်မှာရော နေ၀င်သွားတဲ့အချိန်တွေမှာတောင် ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရရှိနိုင်မှာပါ။

၃။ အရည်အသွေး နှစ်ဆပိုမိုကောင်းမွန်သွားပေမယ့် ဈေးနှုန်းနှစ်ဆ မဖြစ်ခြင်း

ကင်မရာနှစ်ခုက စမတ်ဖုန်းဓာတ်ပုံပညာအတွက် ကဏ္ဍသစ်တစ်ရပ်ကို ဖွင့်လှစ်ပေးလိုက်ပြီး စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ကင်မရာနှစ်ခုဖြစ်သွားပေမယ့် ဈေးနှုန်းနှစ်ဆ မပေးရတာဘဲဖြစ်ပါတယ်။ မကြာခင် ဈေးကွက်ထဲကို ရောက်လာတော့မယ့် Huawei GR5 (2017) ဖုန်းမှာလည်း ကင်မရာနှစ်ခု ပါဝင် လာမှာဖြစ်ပါတယ်။ ကင်မရာနှစ်ခုပါဝင်တဲ့ ဖုန်းတစ်လုံးကို သင့်တင့်တဲ့ တန်ဖိုးနဲ့ ရရှိနိုင်တာကြောင့် လူတိုင်းဟာ ကင်မရာနှစ်ခုပါဝင်ခြင်းရဲ့ စွမ်းရည်နဲ့ ပေးစွမ်းနိုင်မှုများကို တွေ့ကြုံခံစားနိုင်ပါပြီ။

၎။ စစ်မှန်ပြီး တိကျသည့် zoom ဆွဲခြင်း

ကင်မရာတစ်ခုတည်းပါဝင်တဲ့ စမတ်ဖုန်းတွေမှာ ဒီဂျစ်တယ် zoom ဆွဲခြင်းကို အသုံးပြုကြပေမယ့် ကင်မရာ နှစ်ခုပါဝင်တဲ့ စမတ်ဖုန်းတွေက စစ်မှန်ပြီး တိကျတဲ့ zoom ဆွဲခြင်းကို ပေးစွမ်းနိုင်တဲ့ သီးခြားမှန်ဘီလူး နှစ်ခုအပေါ် မူတည်နေပါတယ်။ ဒါဆိုကွာခြားချက်က ဘာလဲ။ ဒီဂျစ်တယ် zoom ဆွဲခြင်းက ဓာတ်ပုံရိုက်ပြီး နောက်မှာ အဲ့ဒီဓာတ်ပုံကို ကြီးအောင်ပြုလုပ်ခြင်းတစ်ခုတည်းနဲ့ zoom ဆွဲခြင်းဖြစ်ပါတယ်။ တိကျတဲ့ zoom ဆွဲခြင်း တစ်နည်းဆိုရင် ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာက အရာဝတ္ထုနဲ့ နီးစေဖို့နဲ့ ဆုံတာကို ချိန်ညှိဖို့အတွက် မှန်ဘီလူးရဲ့ ပေါင်းစပ်မှုကို အသုံးပြုပြီး zoom ဆွဲလိုက်ခြင်းမျိုးဖြစ်ပါတယ်။ ကင်မရာနှစ်ခုပါ စမတ်ဖုန်းတွေ ကလည်း အဲ့ဒီနည်းတူ မှန်ဘီလူးနှစ်ခုကို အသုံးပြုပြီး ဓာတ်ပုံအရည်အသွေးကို ထိခိုက်စေခြင်းမရှိဘဲ ပြတ် သားတဲ့ ဓာတ်ပုံနဲ့ အနီးကပ်ဓာတ်ပုံတွေကို ရရှိစေပါတယ်။

၅။ စွမ်းဆောင်ရှင် Bokeh လုပ်ဆောင်ချက်များ

ကင်မရာနှစ်ခုပါ စမတ်ဖုန်းအသုံးပြုသူတွေနှစ်သက်တဲ့ လုပ်ဆောင်ချက်တစ်ခုက Bokeh ဖြစ်ပြီး အဲ့ဒါက မှန်ဘီလူးအများကြီးပါခြင်းရဲ့ အားသာချက်ကို အသုံးပြုကာ မိမိရိုက်ကူးတဲ့ အရာဝတ္ထုကို ပြတ် သားစေပြီး နောက်ခံကို မှုန်ဝါးအောင် ပြုလုပ်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ Bokeh ဟာ ပရော်ဖက်ရှင်နယ် ဓာတ်ပုံပညာအတွက် အဓိကအစိတ်အပိုင်းဖြစ်ပေမယ့် ကင်မရာတစ်ခုတည်း ပါဝင်တဲ့ စမတ်ဖုန်းနဲ့တော့ အဲ့ဒီ လုပ်ဆောင်ချက်ကို ကောင်းမွန်စွာ ရရှိမှာ မဟုတ်ပါဘူး။ အချို့ စမတ်ဖုန်းတွေမှာ Bokeh လုပ်ဆောင်ချက် ပါဝင်ပေမယ့် နောက်ခံကို မှုန်ဝါးအောင် ပြုလုပ်ခြင်းက ကင်မရာနှစ်ခုပါဝင်တဲ့ စမတ်ဖုန်း အသုံးပြုသလို စစ်မှန်တဲ့ အတွင်းကျကျဖြစ်မှု၊ အလွှာရရှိမှုနဲ့ ထင်းကနဲ မြင်သာမှုတို့ကို စတင်အသုံးပြုကတည်းက ရရှိမှာ မဟုတ်ပါဘူး။ ရလဒ်ကတော့ …လှပတဲ့ ရိုက်ချက်တွေအတွက် ဖန်တီးမှုမြင့်မားပြီး ပျော်စရာကောင်းတဲ့ ဓာတ်ပုံပညာကို ခံစားနိုင်ခြင်းဖြစ်ပါတယ်။ ကင်မရာနှစ်ခုပါတဲ့ ဖုန်းတွေက စမတ်ဖုန်း ၀ယ်ယူသူတွေအတွက် ရွေးချယ်စရာ ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်လိုက်ပါပြီ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com