12/03/2016

♪ Android Office User တွေအတွက် cloud storage တွေပိုများလာပြီ ♫


Microsoft က Android User တွေအထွက် သတင်းကောင်းတစ်ခု ကြေညာပေးလိုက်ပြန်ပါပြီ။ အဲ့ဒါကတော့ Microsoft ရဲ့ Word, Exel , Powerpoint စတဲ့ Office app တွေကို Android device ပေါ်မှာ အသုံးပြုသူတွေအနေနဲ့ Dropbox လိုမျိုး cloud storage platform အတော်များများမှာ data တွေကို သိမ်းဆည်းထားလို့ရပြီပဲဖြစ်ပါတယ်။

ဆိုလိုရင်းကတော့ Office app တွေကို Android device ပေါ်မှာ အသုံးပြုတဲ့သူတွေအနေနဲ့ Microsoft ရဲ့ OneDrive တစ်ခုတည်းပေါ်မှာတင်မကဘဲ အခြားသော cloud storage တွေပေါ်မှာပါ edit, store နဲ့ update ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ Dropbox, Box, Egnyte နဲ့ 腾讯微云 (Tencent) တို့အသုံးပြုလို့ရပြီဖြစ်ပြီး သိပ်မကြာခင်မှာ ShareFile, Edmodo နဲ့ Learnium တို့ပါ အသုံးပြုနိုင်အောင် စီစဉ်မှာဖြစ်ပြီး iOS user တွေအတွက်လည်း မကြာခင်မှာ အသုံးပြုနိုင်အောင် စီစဉ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

အသုံးပြုပုံကတော့ ရိုးရှင်ပါတယ် Android ပေါ်က Word, Exel နဲ့ Powerpoint နောက်ဆုံး version မှာပါဝင်တဲ့ Add menu မှာ မိမိ အသုံးပြုလိုတဲ့ cloud storage provider ကိုပေါင်းထည့်ပေးရုံပါပဲ။

Microsoft အနေနဲ့ အခုလိုမျိုး Office file တွေကို အမျိုးမျိုးသော cloud storage တွေပေါ်မှာ မျှဝေဖို့၊ ပြင်ဆင်ဖို့ နဲ့ သိမ်းဆည်းဖို့ ဖန်တီးလိုက်ခြင်းဟာ Google ရဲ့ Docs, Slides နဲ့ Sheets တို့ကို တိုက်ရိုက် ယှဉ်ပြိုင်လိုက်တာ လည်းဖြစ်ပါတယ်။



Credit to ==.> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com