12/02/2016

♪ Quad HD Display နဲ့ Meizu Pro 6 Plus တရားဝင် မိတ်ဆက် ♫


Meizu က ၄င်းရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းအဖြစ် Meizu Pro 6 Plus ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။
ဒါဟာ မူရင်း Meizu Pro 6 ကို အတော်များများ အဆင့်မြှင့်တင်ပြီးထုတ်လုပ်ထားတာ လည်းဖြစ်ပါတယ်။
meizu-pro-6-plus-2

Meizu Pro 6 Plus ကို Full HD ထပ်ကျော်လွန်တဲ့ 2560 x 1440 pixels (Quad HD resolution) ထောက်ပံ့ထားတဲ့ 5.7 inch OLED display နဲ့ တပ်ဆင်ထားပြီး Samsung Exynos 8990 processer ၊ 4GB RAM တို့ နဲ့ မောင်းနှင်မှာဖြစ်ပါတယ်။ 3400 mAh battery ကိုအသုံးပြုထားသလို နောက်ဆုံးပေါ် USB C နဲ့ အားသွင်းရမှာ ဖြစ်ပါတယ်။

ကင်မရာတွေအနေနဲ့ကတော့ 5 megapixel selfie camera နဲ့ 12 megapixel rear camera တို့ကို အသုံးပြုထားတာဖြစ်ပါတယ်။

Meizu Pro 6 Plus ကို မကြာမီအချိန်အတွင်းမှာ တရုတ်ပြည်မှာ စတင်ရောင်းချတော့မှာဖြစ်ပြီး ဈေးနှုန်း နဲ့ ပတ်သတ်လို့တော့ သတင်းထွက်ပေါ်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။



Credit to ==> Digital Times 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com