12/03/2016

♪ Android နဲ့ iOS အတွက်ထွက်ရှိတော့မယ့် Transformers Game (Video Trailer) ♫


Transformers: Forged to Fight

Transformers  ရုပ်ရှင် series တွေကို လူတိုင်းနီးပါး ကြည့်ဖူးကြမယ်ထင်ပါတယ်။ Transformers fan တွေအတွက် သတင်းကောင်းတစ်ခုကတော့ လာမယ့် (၂၀၁၇) ခုနှစ်အတွင်းမှာ Transformers: Forged to Fight ဆိုတဲ့ နာမည်နဲ့ Mobile ဂိမ်း ထွက်ရှိတော့မှာဖြစ်တယ်လို့သိရပါတယ်။
Fighting-RPG ဂိမ်းအမျိုးအစားဖြစ်ပြီး iOS အတွက်ရော Android အတွက်ပါ ထွက်ရှိမှာဖြစ်ပါတယ်။ Transformers စက်ရုပ်တွေဖြစ်တဲ့ Autobot တွေနဲ့ Decepticon အမျိုးအစား များစွာကို ထိန်းချုပ်ဆော့ကစားရမှာဖြစ်ပြီး 80s-version Optimus Prime ကို ကိုယ်တွယ်ကာ Megatron ကို တိုက်ခိုက်ချေမှုန်းရမှာဖြစ်ပါတယ်။

ရုပ်ထွက်ပိုင်း အထူးကောင်းမွန်ပြီး ကားပုံစံပြောင်းလိုက် စက်ရုံပုံစံပြောင်းလိုက်နဲ့ ဆော့ကစားနိုင်မယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်တဲ့အတွက် အကြိုခံစားနိုင်စေဖို့ မိတ်ဆက် ဗီဒီယိုလေး ထည့်သွင်းပေးလိုက်ပါတယ်။




Credit to ==.> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com