12/03/2016

♪ ရန်ကုန်မြို့တွင်းက IT အရောင်းဆိုင်အချို့ရဲ့ ဒီဇင်ဘာ ပရိုမိုးရှင်းများ ♫


နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလ ဖြစ်တဲ့ ဒီဇင်ဘာလကို ရောက်ရှိလို့လာပါပြီ။ ဒီဇင်ဘာလမှာ ခရစ္စမတ်နေ့ နဲ့ နှစ်သစ်ကူးအထိမ်းအမှတ်တို့ ရှိတဲ့ အတွက် တစ်ကမ္ဘာလုံး မှာရှိတဲ့ အရောင်း ဆိုင်အတော်များများဟာ ဒီဇင်ဘာ ပရိုမိုးရှင်းဆိုပြီး အရောင်းမြှင့်တင်မှုတွေပြုလုပ်တတ်ကြပါတယ်။
ဒီဇင်ဘာလ အတွင်းမှာ နည်းပညာ ပစ္စည်းတွေဝယ်ယူ ဖို့ အစီအစဉ်ရှိတဲ့သူတွေအတွက် ရန်ကုန်မြို့တွင်းက နည်းပညာပစ္စည်းအရောင်းဆိုင် အချို့ရဲ့ ဒီဇင်ဘာ ပရိုမိုးရှင်းတွေကို လက်လှမ်းမီသလောက် စုစည်းတင်ပြ ပေးလိုက်ပါတယ်။

Huawei Mobile Myanmar

နှစ်ကုန်ပရိုမိုးရှင်း အစီအစဉ်အနေနဲ့ Huawei P9 ဝယ်ယူသူတိုင်းအတွက် Media pad T17 (1) လုံး၊ ၁၇၀,၀၀ ဖုန်းဘေလ်ကိုခြောက်လဆက်တိုက်ရမယ့် အခွင့်အရေးဖြစ်ပါတယ်။ Huawei P9 lite ဝယ်ယူသူများအတွက် Selifie stick နဲ့ 32 GB SD card ,GR5 ဝယ်ယူသူများအတွက် 32 GB SD card , GR5 Mini ဝယ်ယူသူများအတွက် 16 GB SD card , y611 ဝယ်ယူသူများအတွက် 16 GB SD card များကိုပေးအပ်သွားမယ်လို့သိရပါတယ်။

Samsung Mobile Myanmar

Samsung Day  promotion ရှိပါတယ်။ အဲ့ဒါကတော့ ဒီဇင်ဘာ (၁)ရက်မှ (၅)ရက်နေ့အတွင်း Samsung smartphone နဲ့ Tablerts ဝယ်ယူသူများကို နာမည်ကြီး Brand တွေဖြစ်တဲ့ GIORDANO, adidas, iPANEMA, Dapper, charles & keit, haviaiaus, rider, THE FACE SHOP အစရှိတဲ့ ဆိုင်တွေမှာ ဝယ်ယူလို့ရမယ့် Gift voucher တွေပေးအပ်သွားမှာဖြစ်ပါတယ်။
  • ကျပ် (500,000) တန်ဖိုးနှင့် ဝယ်ယူသူများအတွက် (400,00) ကျပ်တန် Gift voucher
  • ကျပ် (200,000) မှ (500,000) တန်ဖိုးအတွင်း ဝယ်ယူသူတိုင်းအတွက် (250,00) ကျပ်တန် Gift voucher
  • ကျပ် (200,000) တန်ဖိုးအောက် ဝယ်ယူသူတိုင်းအတွက် (150,00) ကျပ်တန် Gift voucher များကိုပေးသွားမှာ ဖြစ်တယ်လိုသိရပါတယ်။

KMD (မြေနီကုန်း)

Notebook Special sales ကို ဒီဇင်ဘာ (၁) ရက်နေ့မှ (၃) ရက်နေ့ အထိ မြေနီကုန်း KMD မှာ ကျင်းပပြုလုပ်နေပြီ ဖြစ်ပါတယ်။ Promotion  အစီအစဉ်ကတော့ Notebook တွေကို ၅၀% Discount အထိဈေးလျှော့ပြီးရောင်းချပေးမယ်လို့ သိရပါတယ်။

Technoland (ဦးချစ်မောင်)

Canon  မှ အထူးအစီစဉ်အနေနဲ့ ဒီဇင်ဘာလ (၁) ရက်နေ့မှ (၃၁)၇က်နေ့အထိ Canon iP2772 Print(with inkbox) ကို အထူးဈေးနှုန်း ၅၇,000 ကျပ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး Smartphone promotion အနေနဲ့ Apple products ဝယ်ယူသူများအတွက် အထူးအစီအစဉ်ဖြစ် Denmark Brand ဖြစ်တဲ့ Jabar အမှတ်တံဆိပ် BT2045 Bluetooth Headset ကို 50% Discount အထူးဈေးနှုန်း ၁၁,၈၀၀ ကျပ်ဖြင့်ရောင်းချပေးမှာဖြစ်ပါတယ်။ Jabar BT2045 Bluetooth Headset မဟုတ်ပဲ တစ်ခြား Jabar Model တစ်ခုကို ဝယ်ယူမယ်ဆိုရင်တော့ 10% Discount ရရှိမှာဖြစ်ပါတယ်။ ဒ့ါအပြင်တစ်ခြား Smartphone  များကို ဝယ်ယူသူများအတွက် Jabar ဘယ် Model ကိုမဆို 10% Discount ဖြင့်ယယ်ယူရရှိနိုင်တယ်လို့လည်း သိရပါတယ်။ Samsung Brand ဝယ်ယူသူများအတွက် Samsung Day Promotion လည်းရှိပါတယ်။

MOBILE KING (တာမွေ)

MOBILE KING မှ ဘယ်ဖုန်းကိုဝယ်ဝယ်ကံစမ်းမဲတွေပေး သွားမှာဖြစ်ပါတယ်။ ကံစမ်းမဲကာလကတော့ ဒီဇင်ဘာ (၂၅)ရက်နေ့အထိဖြစ်ပြီး ပထမဆု အယောက်(၂၀) ရွေးချယ်ပြီး ငွေဆောင်ကမ်းခြေကိုပို့ဆောင်ပေးမှာ ဖြစ်တယ်လို့သိရပါတယ်။ အခြားဆုမဲပေါင်း များစွာလည်းရှိသလို Samaung day promotion လည်းရှိတယ်လို့ MOBILE KING တာမွေဆိုင်မှ မန်နေဂျာ ကိုလတ် မှပြောပြပေးခဲ့တာဖြစ်ပါတယ်။

HTET MOBILE (တာမွေ)

မိတ်ဟောင်းမိတ်သစ် customer များကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဒီဇင်ဘာ (၂၅)ရက်အထိ နှစ်သစ်အထူး promotion တွေရှိပါတယ်။ HTET MOBILE မှ ဘယ်ဖုန်းအမျိုးအစားကိုဝယ်ဝယ် OPPO- A39 , VIVO –Y55, Huawei –GR5 mini , ZTE- V7 lite, Bluetooth , sound box (၁ပေ အမြင့်) အလုံး (၂၀) အပါအဝင် စတီးချိုင့်အလုံး (၂၀) ကို မဲနှိုက်ပေးသွားမယ်လို့သိရပါတယ်။


Credit to ==.> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com