12/03/2016

♪ မတ်လကုန်အထိ 4G services အခမဲ့ပေးမယ့် India SIM ကတ်ကုမ္ပဏီ ♫


အိန္ဒိယနိုင်ငံ မွန်ဘိုင်း အခြေစိုက် SIM ကတ် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Reliance Jio ရဲ့ သူဌေးဖြစ်သူ Mukesh Ambani က SIM ကတ် အသုံးပြုသူ (၅၂) သန်းအတွက် နှစ်သစ်ကူး လက်ဆောင်အဖြစ် လာမယ့် (၂၀၁၇) မတ်လ ကုန်အထိ 4G services အခမဲ့ သုံးစွဲခွင့် ပြုလိုက် တယ်လို့သိရပါတယ်။

ဘယ်နိုင်ငံက ဘယ်သူဌေးမှ မလုပ်ဖူးသေးတဲ့ အတွက် ဒါဟာ ကမ္ဘာမှာ ပထမဦးဆုံး ရက်ရောမှု တစ်ခုလို့ဆိုနိုင်ပါတယ်။

4G services ဆိုတဲ့နေရာမှာ ဖုန်းခေါ်ဆိုမှု ၊ SMS ပေးပို့မှုနဲ့ အင်တာနက် အသုံးပြုမှု အားလုံးအတွက် အကျုံးဝင်ပြီး လက်ရှိ Jio SIM အသုံးပြုသူတွေနဲ့ အသစ်ဝယ်ယူသုံးစွဲသူ အားလုံးပါ ဒီအခွင့်အရေးကိုရရှိမှာဖြစ်ပါတယ်။

နေ့စဉ်နေ့တိုင်း၊ အချိန်တိုင်း အကန့်အသတ်မရှိ အခမဲ့ ဖုန်းခေါ်ဆိုနိုင်ပေမယ့် 4G LTE အင်တာနက် အခမဲ့ အသုံးပြုခွင့်ကတော့ တစ်ရက်ကို 1GB အထိသာရရှိမှာဖြစ်ပါတယ်။

Jio ဟာ အိန္ဒိယနိုင်ငံအတွင်းက အကြီးမားဆုံး Broadband Internet Service Provider ဖြစ်ပြီး ဒီဝန်ဆောင်မှုကိုကို လွန်ခဲ့တဲ့ သုံးလ ကတည်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး အခုက နှစ်သစ်ကူးလက်ဆောင် အဖြစ် နောက်ထပ်(၃) လ ထပ်မံ တိုးမြှင့်ပေးလိုက်တာဖြစ်ပါတယ်။

Reliance Jio ကုမ္ပဏီအနေနဲ့ အခုလို ဝန်ဆောင်မှုမျိုးပေးနိုင်ဖို့အတွက် ဒေါ်လာ (၂၀) ဘီလီယံ ရင်းနှီး မြှုပ်နှံခဲ့ရတယ်လို့ သိရပါတယ်။


Credit to ==.> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com