
Vivo ရဲ့ ဟန်းဆက်များထဲတွင်လည်းနာမည်ဆင်တူသောဟန်းဆက်
များရှိပါတယ်။ V3 နှင့် V3 Max ရှိသလို ရိုးရိုးV1 နှင့် V1 Max ဆိုပြီး
နှစ်မျိုး ရှိပါတယ်။ V1 ဟာ ၅ လက်မမျက်နှာပြင် အကျယ်အ၀န်းရှိပြီး V1 Max
ကတော့ ၅ လက်မခွဲမျက်နှာပြင်အကျယ်အ၀န်းရှိပါတယ်။ မြင်ကွင်းစွမ်းရည် အတွက်ထည့်သွင်းပေး ထားသောPixels ပမာဏကတော့ တူညီမှုရှိပါတယ်။ CPU ပိုင်းမှာတော့ ကွဲပြားခြားနားသွားပါမယ်။
V1 က quad- core 1.2GHz စွမ်းရည်ရှိသောCPU သာပါရှိမှာဖြစ်ပါတယ်။ V1 Max ကတော့ Octa Core 1.4GHz စွမ်းရည်ရှိသောCPU ပါရှိပါတယ်။ ဒါကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါ တွင်တုံ့ပြန်မှုများဟာလျင်မြန်သွက်လက်ပါတယ်။
အသုံးပြုနိုင်မယ့် Network အမျိုးအစားကတော့ 2G, 3G ဖြစ်ပါတယ်။ Sim Card ၂
ကတ် ထည့်သွင်း သုံးစွဲလို့ရပါမယ်။ ဒါကြောင့် အော်ပရေတာများစွာအသုံးပြုနေသူများ အတွက် အဆင်ပြေစေပါမယ်။
ကင်မရာနှစ်မျိုးနှစ်စားပါရှိပြီးအဓိကကင်မရာဟာ13MP စွမ်းရည်ပါ။ V1 နှင့် V1 Max ဟာအဓိက ကင်မရာစွမ်းရည်ချင်းတူညီကြ
ပါတယ်။ ရှေ့ကင်မရာငယ်စွမ်းရည် ပိုင်းမှာတော့ V1 ကပိုမိုသာလွန်ပါတယ်။ V1
ရဲ့ရှေ့ကင်မရာငယ်သည် 8MP စွမ်းရည်ရှိပြီးV1 Max ရဲ့ ရှေ့ကင်မရာ ငယ်ကတော့
5MPစွမ်းရည်ပဲရှိပါတယ်။ V1 Max ရဲ့ GPU အမျိုးအစား ကတော့ Adreno 405 ပါ။
မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM က 2GB ပါရှိမှာဖြစ်ပြီး။ ROM ကိုတော့ 16GB
ထည့်သွင်းပေး ထားပါတယ်။
အများဆုံး တိုးချဲ့အသုံးပြုနိုင်မယ့် မှတ်ဥာဏ်ပမာဏကတော့ 128GBအထိဖြစ်ပါတယ်။ သုံးစွဲလို့ရမယ့် OS အမျိုးအစားကတော့ Android ဖြစ်ပြီးဗားရှင်းမှာ Lollipop ပါ။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 2720 mAhဖြစ်ပါတယ်။ ထိုဘက်ထရီဟာစကားပြောဆိုချိန်အတွက် ၁၁ နာရီ နီးပါးခံနိုင်ရည်ရှိအောင် စွမ်းဆောင်ပေးနိုင်ပါမယ်။ Sensor စနစ်များလည်း ထည့်သွင်းပေးထားပါသေးတယ်။
<Specification>
Network - GSM/ HSPA
Screen - 5.5 inches
CPU - QC 1.4 & QC 1 GHz
OS - Android OS,v5.0
Memory - 16GB
Bluetooth - Yes
Contact - 01-381035
Price - 298,000 Ks
Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal
V1 က quad- core 1.2GHz စွမ်းရည်ရှိသောCPU သာပါရှိမှာဖြစ်ပါတယ်။ V1 Max ကတော့ Octa Core 1.4GHz စွမ်းရည်ရှိသောCPU ပါရှိပါတယ်။ ဒါကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါ တွင်တုံ့ပြန်မှုများဟာလျင်မြ
ကင်မရာနှစ်မျိုးနှစ်စားပါရှ
အများဆုံး တိုးချဲ့အသုံးပြုနိုင်မယ့် မှတ်ဥာဏ်ပမာဏကတော့ 128GBအထိဖြစ်ပါတယ်။ သုံးစွဲလို့ရမယ့် OS အမျိုးအစားကတော့ Android ဖြစ်ပြီးဗားရှင်းမှာ Lollipo
<Specification>
Network - GSM/ HSPA
Screen - 5.5 inches
CPU - QC 1.4 & QC 1 GHz
OS - Android OS,v5.0
Memory - 16GB
Bluetooth - Yes
Contact - 01-381035
Price - 298,000 Ks
Mobile Guide Journal (Every Monday)
https://web.facebook.com/
www.pyaephyo.com