6/07/2016

♪ “Sony Xperia XA Ultra” ♫


ဖုန်းကိုမျက်နှာပြင်ကျယ်ကျယ်အသုံးပြုချင်တဲ့ သူတွေအနေနဲ့ Sony Xperia XA Ultra နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းကိုအသုံးပြုနိုင်တော့မှာပဲဖြစ်ပါ တယ်။ Sony ရဲ့ Full HD Display အရည်အသွေးကိုရရှိခံစားနိုင်မှာ ဖြစ်ပြီး Sony ရဲ့ ကင်မရာအရည်အသွေးပိုင်းကလည်းပြောနေစရာ မလိုလောက် အောင် ကောင်းမွန်မှုရှိမယ်ဆိုတာသုံးဖူးသူတိုင်းသိကြပါလိမ့်မယ်။

GSM, LTE နဲ့ HSPA Networks တွေမှာအသုံးပြုနိုင်ပြီးSingle SIM နဲ့ Dual SIM ဆိုတဲ့ Version နှစ်မျိုးကိုခွဲခြားထုတ်လုပ်ပေးမှာဖြစ်ပြီး နှစ်မျိုးစလုံးမှာ ထည့်သွင်း အသုံးပြုရမယ့် SIM Card အမျိုးအစားကတော့ Nano SIM ပဲဖြစ်ပါတယ်။ IPS LCD Capacitive Touchscreen Display အမျိုးအစားနဲ့ပြုလုပ်ပေးထားပြီး အကျယ်က ၆ လက်မရှိပါတယ်။ 1080 ×1920 pixels ပမာဏသိပ်သည်းဆ ကိုရရှိနိုင်မှာပါ။ မျက်နှာပြင်ပေါ်မှာအစင်းရာတွေနဲ့ အခြစ်ရာတွေကို အလွယ် တကူမဖြစ်ပေါ်စေနိုင်အောင် Scratch-resistant Glass နဲ့ ဖုံးအုပ် ကာကွယ် ပေးထားတာကိုတွေ့ရပါတယ်။

အနောက်ကင်မရာက ကြည်လင်ပြတ်သားတဲ့အရည်အသွေးမြင့် ဗီဒီယို တွေကိုဖမ်းယူနိုင်ပါမယ်။ ဒါ့အပြင် အရှေ့ကင်မရာကလည်းလှပတဲ့ Selfie ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ဖို့အတွက် Resolution 16MP ကိုတောင် ထောက်ပံ့ ပေးထားပါတယ်။ Internal Memory ကို16 GB ကိုထည့်သွင်း ပေးထားပြီးMicro SD Card ကို200 GB အထိထပ်မံစိုက်ထည့်သုံးနိုင်ပါ သေးတယ်။ ယာယီမှတ်ဥာဏ်ပိုင်းမှာတော့ RAM 3GB ပါရှိပါတယ်။ ဘက်ထရီ ရဲ့စွမ်းအားက2700mAhရှိတာကြောင့် နာရီပေါင်း(၁၂)နာရီလောက် ဆက်တိုက် ဖုန်းပြောဆိုနိုင်ပြီး ၆၅ နာရီကြာသီချင်းနားထောင်နိုင်ပါတယ်။

<Specification>
Network - GSM/HSPA/LTE
CPU - Octa-Core 2.0 GHz Cortex-A53
Memory - 16 GB (up to 200 GB)
OS - Android OS, v6.0.1 (Marshmallow)
Bluetooth - v4.1, A2DP, LE, apt-X
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com