6/13/2016

♪ Samsung , Sony , Huawei ဖုန်းသုံးမျိုးမှာ ရွေးချယ်သင့်တဲ့အချက်အချို့ ♫

http://www.myanmarmobileapp.com/wp-content/uploads/2016/06/hsw-1068x715.jpg

ဖုန်းအသုံးပြုသူတွေအနေနဲ့ စတင်ဝယ်ယူသုံးစွဲတော့မယ် ဆိုရင်ဘယ် brand တွေကိုသုံးသင့်လဲဆိုတာ အနည်းနဲ့အများတော့ ရွေးချယ်တက်ကြပါတယ်။ ဒီလိုရွေးချယ်အသုံးပြုကြတဲ့ အထဲကမှSamsung , Sony , Huawei brand သုံးမျိုးရဲ့ ရွေးချယ်ရန် သင့်တော်တဲ့အချက်လေးတွေကို တင်ပြပေးလိုက်ပါတယ်။

Samsung –
Samsung ကိုရွေးချယ်ရန် စိတ်ကူးရှိရင်တော့ Feature တွေကိုသုံးရတာနျှစ်သက်မှု့ရှိတယ် ဆိုရင်တော့ ရွေးချယ်သင့်ပါတယ်။ Samsung ဟာအခြား brand တွေထက် Feature ပိုင်းမှာဆိုရင် သုံးလို့ကောင်းတယ်လို့ပြောရပါမယ်။ သူဟာအမျိုးမျိုးသော Feature တွေကို model အသစ်ထွက်တိုင်း တိုးမြှင့်ထည့်သွင်းလာပါတယ်။ series အလိုက်လဲ မတူတဲ့ Feature တွေကိုခံစားနိုင်အောင်လည်း ဖန်တီးပေး ထားတာကြောင့် Feature ပိုင်းတွေကိုအသုံးပြုရန် စိတ်ဝင်စားတယ်ဆိုရင်တော့ Samsung ဟာ သင့်တော်ပါတယ်။

Sony –
Sony ကတော့အားလုံးသိတဲ့အတိုင်း Media ပိုင်းကိုဦးစားပေး ထုတ်လုပ်ထားတာကိုတွေ့ရမှာပါ။ Sony ဟာအခြား brand တွေနဲ့မတူတဲ့အသံပိုင်းဆိုင်ရာ ကင်မရာပိုင်းဆိုင်ရာ Media ပိုင်းတွေကို အရည်အသွေးမြင့်စွာထုတ်လုပ်ထားတာတွေ့ရပါတယ်။ သူတို့ရဲ့ camera MP ဟာဆိုရင်အခြား brand တွေနဲ့မတူ မြင့်မားစွာတပ်ဆင်ထားပါတယ်။ photo , video တွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်ပါတယ်။ နောက်ထပ်တစ်ခုကတော့ Music media ပိုင်းပါပဲ။ Music ပိုင်းမှာဆိုရင်တော့ နားထောင်ရတဲ့အပိုင်းမှာ တော်တော်လေးကောင်းမွန်တာတွေ့ရတဲ့အတွက်ကြောင့် Media ပိုင်းတွေ ကိုကောင်းကောင်း အသုံးပြုချင်တယ်ဆိုရင်တော့ Sony ဟာသင့်တော်ပါတယ်။

Huawei –
Huawei မှာ အသုံးပြုရန်သင့်တော်တဲ့အချက်ကတော့ ဈေးနှုန်းပိုင်းလို့ပြောရပါမယ်။ Huawei ဟာ model အမျိုးမျိုးထုတ်လုပ်နေပေမဲ့ သူဟာ လူတန်းစားအလိုက် ရွေးချယ်နိုင်တဲ့ အမျိုးမျိုးသောသင့်တော် တဲ့ ဈေးနှုန်းလေးတွေနဲ့ရောင်းချပေးထားတာတွေ့ရပါတယ်။ ဒါ့အပြင် Huawei ဖုန်းများဟာ လိုအပ်တဲ့ spare part ပစ္စည်းများဆိုရင်လဲ ဈေးကွက်ထဲမှာ အဆင်ပြေပြေ၀ယ်ယူရန်အဆင်သင့်ရှိတဲ့အတွက်ကြောင့် တစ်ခုခုပျက်စီးခဲ့မယ်ဆိုရင်လဲ ပြင်ဆင်ချိန်ကိုသက်သာစေပါတယ်။ ဒါကြောင့် Huawei ဟာ ဈေးနှုန်းပိုင်းနဲ့ ပတ်သတ်ပြီးစဉ်းစားမယ်ဆိုရင်တော့ Huawei brand ဟာ သင့်တော့ပါတယ်။

အဆင်ပြေပါစေ။
Warmly Welcome



 
<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com