6/04/2016

♪ “Samsung Galaxy C7 ကို မိတ်ဆက်” ♫


Samsung က Galaxy C7 ကို မိတ်ဆက်လိုက်ပါတယ်။ Octa-Core 2.0GHz Cortex-A53 CPU တပ်ဆင်ထားတဲ့ Snapdragon 625 SoC မောင်းနှင်မှာ ဖြစ်ပါတယ်။ Adreno 506 GPU ထည့်သွင်းထားပါတယ်။ ၅.၇ လက်မ Full HD Display တပ်ဆင်ထားပါတယ်။

4GB RAM ထည့်သွင်းထားပြီး 32GB Internal Storage Model သို့မဟုတ် 64GB Internal Storage Model ကို ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ 16 Megapixel Camera နဲ့ အရှေ့ဘက်မှာ 8 Megapixel Camera တပ်ဆင်ထားပါတယ်။ 3300mAh Battery တပ်ဆင်ထားပြီး လျင်မြန်စွာ အားသွင်းနိုင်တဲ့ Qualcomm Quick Charge 3.0 နည်းပညာပါပါတယ်။ အရွယ်အစားအပြည့်အစုံမှာ 156.6 x 77.2 x 6.7mm ဖြစ်ပါတယ်။ အလေးချိန်မှာ ၁၆၅ ဂရမ် ဖြစ်ပါတယ်။

Android 6.0.1 Marshmallow မောင်းနှင်မှာ ဖြစ်ပါတယ်။ Home Button မှာ လက်ဗွေရာ စစ်ဆေးတဲ့ ကိရိယာ ထည့်ပေးထားပါတယ်။ Wi-Fi 802.11 a/b/g/n/ac, 4G LTE, GPS, Bluetooth v4.2, NFC ဆက်သွယ်မှုများ ပါရှိပါတယ်။ ငွေ၊ အညို၊ ရွှေနဲ့ နှင်းဆီရွှေရောင်များ ရွေးချယ်နိုင်ပါတယ်။

32GB Internal Storage Model ကို ဒေါ်လာ ၃၉၅ နဲ့ 64GB Internal Storage Model ကို ဒေါ်လာ ၄၂၅ သတ်မှတ်ထားပါတယ်။ ရောင်းချမယ့် နေ့ရက် အတိအကျကို Samsung က ကြေညာခြင်း မရှိသေးပါဘူး။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com