6/12/2016

♪ “Samsung Galaxy A5 (2016)” ♫


Galaxy A5 (2016)တွင် နောက်ဆုံးထွက်ရှိခဲ့သော အဆင့်မြင့်တန်း Samsung Galaxy စမတ်ဖုန်း၏ ဒီဇိုင်းအားအခြေခံထားပြီး သတ္တုနှင့် ဖန်သားပြင်အားပေါင်းစပ်၍ ခမ်းနားဆန်းပြားသော ဒီဇိုင်းအား လှပ ကျော့ရှင်းစွာဖြင့် ဖန်တီးထုတ်လုပ်ထားပါသည်။ Galaxy A5 သည် အဆင့်မြင့် ကြည့်ရှုခံစားမှု အတွေ့အကြုံအား သေးငယ်ကျဉ်းမြောင်းသော ဘေးဘောင် နှင့်အတူစွဲမက်နစ်မြောဖွယ်ခံစားနိုင်ရန်အတွက် ပံ့ပိုးပေးထားပါသည်။

ဖုန်းရဲ့ Home Button သည် ဖုန်းရဲ့အောက်ဘက်၌ ဒီဇိုင်းပုံစံ ဆန်းပြားစွာ တည်ရှိကာ Power Button ဟာ ဘေးဘက်တစ်ချက်၌ ပါရှိပါတယ်။ အသံအတိုး၊ အကျယ်ခလုတ်နှစ်ခုကတော့ အခြားဘေးဘက်တစ်ဖက်တွင် နေရာယူထားပါတယ်။ Speaker, USB Port နှင့် နားကြပ်ပေါက်တို့ဟာ ဖုန်းရဲ့အောက်ဘက်ဒေါင့်များ၌ အစဉ်လိုက်တည်ရှိပါတယ်။ SIM Card 2 Card ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ခြင်းကြောင့် အလုပ်ကိစ္စများစွာ အတွက် ကောင်းစွာထောက်ပံ့ပေးနိုင် မယ့်ဖုန်းဖြစ်ပါတယ်။

 SIM Card နှင့် SD Card ထည့်ရန်အတွက် ဖုန်းရဲ့ကာဗာကို ခွာစရာမလိုဘဲ ဖုန်းရဲ့ဘေးဘောင်တွင် အံဝှက်ပုံစံပြုလုပ်ပေးထားပါတယ်။ အခြားဆင်းကတ်အတွက်ကိုတော့ ဖုန်းရဲ့ထိပ်ဘက်၌ပါရှိသော အံဝှက်၌ ထည့်သွင်းအသုံးပြုရပါမယ်။ Galaxy A5 တွင် တစ်ကိုယ်ရေ အချက်အလက်များလုံခြုံမှုရှိစေရန် လက်ဗွေရာလုံခြုံရေး စနစ်ဖြင့် ကာကွယ်ထားပါသည်။ Samsung Pay သည် Magnetic Secure Transmission (MST) နှင့် Near Field Communication (NFC) နည်းပညာ နှစ်မျိုးစလုံးနှင့် အသုံးပြုနိုင်ပါသည်။ ခွင့်ပြုထားသော နိုင်ငံများတွင်သာ သုံးစွဲနိုင်ပါမယ်။

Touchscreen ရဲ့ အကျယ်အ၀န်းပမာဏကတော့ 5.2 inches ဖြစ်ပါတယ်။ CPU စွမ်းရည်မှာ Quad-Core 1.2 GHz & Quad-Core 1.5 GHz ဖြစ်ပါတယ်။ လျင်မြန်တုံ့ပြန်မှုကောင်းမွန်သော အဆိုပါဖုန်းတွင် Li-Ion 2900 mAh ဘက်ထရီကို ထည့်သွင်းပေးထားပါတယ်။ စကားပြောဆိုချိန် အတွက် (၁၆)နာရီခံနိုင်စွမ်းရှိပါတယ်။

<Specification>
Network - GSM/ WCDMA
Memory - 16 GB
CPU - QC 1.2GHz , QC 1.5 GHz
Camera - 13MP
Screen - 5.2 inches
OS - Android OS, v5.1.1
Contact - 01-381129
Price - 505,000Ks
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com