6/05/2016

♪ RAM 4GB နဲ့ စွမ်းဆောင်ရည်မြင့် Snapdragon 820 ပရိုဆက်ဆာအသုံးပြုထားတဲ့ Lenovo Zuk Z2 ဖုန်းအသစ် ထွက်ရှိ ♫


Lenovo ဟာ Zuk Z2 လို့ အမည်ပေးထားတဲ့ စွမ်းဆောင်ရည်မြင့်၊ ဖုန်းသစ်တစ်လုံးကို အင်္ဂါနေ့က မိတ်ဆက်သွားခဲ့ပါတယ်။ Lenovo Zuk Z2 ဖုန်းဟာ ဈေးနှုန်းအားဖြင့် မြန်မာငွေ ၃ သိန်း ၂ သောင်းဝန်းကျင် ရှိပြီး၊ ယခုအခါ တရုတ်နိုင်ငံမှာ ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။

Zuk Z2 စမတ်ဖုန်းဟာ နာနို SIM နှစ်ကတ်ထိုးစမတ်ဖုန်းဖြစ်ပြီး၊ ၅ လက်မအရွယ် full-HD (1920×1080 pixels) display နဲ့ ဖြစ်ပါတယ်။ ဖုန်းအရွယ်အစားက အရမ်းမကြီးမသေးဆိုတော့ လက်ထဲကိုင်လို့ကောင်းမယ့် အနေအထားပါ။ ဖန်သားပြင်ကို ခံနိုင်ရည်မြင့် 2.5D ဖိုင်ဘာဖန်သားနဲ့ ပြုလုပ်ထားပြီး၊ ဖုန်းမျက်နှာပြင်ဟာ ဆီ နဲ့ လက်ဗွေရာစွန်းထင်းမှုကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒီစမတ်ဖုန်းမှာ Qualcomm ရဲ့ နောက်ဆုံးမျိုးဆက်ပရိုဆက်ဆာ 64-bit Snapdragon 820 ကို အသုံးပြုထားပြီး၊ cpu မြန်နှုန်းက 2.15GHz အထိ ရှိပါတယ်။ RAM ကလည်း 4GB အထိ ပါရှိတာကြောင့် ဖုန်းစွမ်းဆောင်ရည်ကတော့ ပြောစရာကိုမလိုပါဘူး။ ဒီ့အပြင် ဂရပ်ဖစ်မှာလည်း Adreno 530 GPU ကို အသုံးပြုထားတာကြောင့်၊ ဂိမ်းဆော့၊ရုပ်ရှင်ကြည့်ရာမှာ အကောင်းဆုံးရုပ်ထွက် အရည်အသွေးကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းကျောဘက်မှာ 13-megapixel ကင်မရာပါရှိပြီး၊ ကင်မရာတုန်ခါမှုကြောင့် ပုံရိပ်ဝါးမှုကိုလျော့ချပေးမယ့် EIS နဲ့ PDAF နည်းပညာတို့ ပါဝင်ပြီး၊ f/2.2 ရှိပါတယ်။ ရှေ့ကင်မရာအနေနဲ့လည်း 8-megapixel တောင် ရှိတာကြောင့် ဆယ်လ်ဖီဝါသနာရှင် ကိုကိုမမတွေအတွက် အကြိုက်တွေ့မယ့်ဖုန်းလို့ ဆိုရမှာပါ။

Zuk Z2 ဖုန်းမှာ storage အနေနဲ့လည်း 64 GB အထိ ပါရှိပါတယ်။ ဒီ့အပြင် 3500mAh ရှိတဲ့ ဘက်ထရီမှာ အားအမြန်သွင်းစနစ်ကို support လုပ်ပေးတာကြောင့်၊ ဘက်ထရီအား ၈၀ ရာခိုင်နှုန်းကို တစ်နာရီအတွင်းမှာ သွင်းနိုင်တယ်လို့ ဆိုပါတယ်။

Lenovo Zuk Z2 စမတ်ဖုန်းဟာ 4G LTE မိပြီး၊ Wi-Fi ၊ Bluetooth 4.1 နဲ့ USB 2.0 Type-C အပေါက်တို့ ပါရှိပါတယ်။ ယခုခေတ်လူကြိုက်များတဲ့စမတ်ဖုန်းတွေလိုပဲ၊ ဟုမ်းကီးမှာ လက်ဗွေရာဆန်ဆာပါဝင်ပါတယ်။ ဖုန်းတွင်းအပူထုတ်လွှတ်မှုကိုလျော့ချပေးတဲ့နည်းပညာကို ထည့်သွင်းပေးထားတာကြောင့်၊ ကြာကြာသုံးမိရင် ဖုန်းကြီးပူခြစ်နေတာမျိုးလည်း ကြုံတွေ့ရမှာမဟုတ်ပါဘူး။

အရောင်အားဖြင့် အနက်ရောင်နဲ့ အဖြူရောင်နှစ်မျိုးပဲ ရရှိမှာဖြစ်ပြီး၊ တရုတ်နိုင်ငံပြင်ပကို ဘယ်တော့ရောက်မလဲ ဆိုတာကိုတော့ Lenovo က ကြေငြာခြင်းမရှိခဲ့ပါဘူး။

lenovo_zuk_z2

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com