6/11/2016

♪ ကမ္ဘာ့ပထမဆုံး Project Tangoစမတ်ဖုန်းဖြစ်လာခဲ့သော Lenovo Phab 2 Pro ♫


အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုမှာပြုလုပ်ခဲ့သည့် Lenovo ကုန်ပစ္စည်း သစ်မိတ်ဆက်ပွဲတွင် Google ရဲ့ Project Tango လို့ခေါ်ဆိုတဲ့ Augmented Reality နည်းပညာဖြင့်ဖန်တီးထားသော Lenovo Phab 2 Pro ကိုကြေငြာခဲ့သည်။ ပြင်ပလောကတွင်မရှိသောစိတ်ကူးစီမံကိန်းဟုခေါ်ဆိုနိုင်သော Project Tango စီမံကိန်းတွင် Screen ပေါ်တွင်ရှိနေသောမူရင်းနေရာတွင် မိမိလိုချင်သောအိမ် ထောင်ပရိဘောဂ များဖြင့်နေအိမ်ကိုဖန်တီးနိုင်သည့် Engineering Mode , ကင်မရာ နှင့်Screen တို့ကိုတွဲဘက်အလုပ်လုပ်စေပြီး Dinosaurs များကတိုက်ခိုက်နေသကဲ့သို့Game များ၊ Domino ဟုခေါ်သောခေါင်ထိအကုန်လဲသောgame များ ၊ အိမ်တွင်းတိရိစ္ဆာန်ရုံများ၊ပန်းခြံများဖန်းတီးနိုင်သည်။


ပုံရိပ်များကိုတိကျစွာဖမ်းယူနိုင်စေရန်ကျောဘက်တွင် Camera ၃ လုံးတပ်ဆင်ထားသည်။ လတ်တလော Project Tango နှင့်တွဲဘက်အသုံးပြုရန် Game နှင့် App 25 ခုခန့်ရှိပြီးယခုနှစ်ကုန်တွင် 100 နီးပါးဖန်တီးထုတ်လုပ်နိုင်မည်ဟုမျော်မှန်းကြောင်းပြောကြားခဲ့သည်။ ထိုPhab 2 Pro စမတ်ဖုန်း၏မျက်နှာပြင်မှာ 6.4 inch ရှိပြီး QHD 1440×2560 (459ppi)မျက်နှာပြင်အရည်အသွေးရှိသည်။Snapdragon 652 Octa-core ပရိုဆက်ဆာကိုသုံးစွဲထားပြီး RAM 4GB ဖြစ်ကာ Memory 64 GB ဖြစ်သည်။ Sim 2 တွင် 256GB ထိ MicroSD ကဒ်ဖြင့်ထပ်မံတိုးမြှင့်အသုံးပြုနိုင်သည်။

 


ပင်မကင်မရာ 16MP နှင့် မျက်နှာပြင်ကင်မရာ8 MPတို့တပ်ဆင်ထားသည်။ Fingerprint Scanner ကိုကျောဘက်တွင်တပ်ဆင်ထားကာ 4050mAh ဘက်ထရီပါဝင်သည်။ Audio System ပိုင်းကို Dolby Atmos နည်းပညာအသုံးပြုထားသည်။ ၎င်း၏အကောင်းဆုံး Feature ကိုဥပမာအနေဖြင့်တင်ပြရသော် မိမိဝယ်ယူမည့်အိမ်ကိုသွားကြည့်ရာမှာမိမိအိမ်ဟောင်းမှပရိဘောဂများကိုထိုအိမ်သစ်တွင်Screen ပေါ်မှ တဆင်အစီအစဉ်ဆွဲနေရာချပြီးမလိုအပ်သည်များကို ဖယ်ထုတ်ကာဖန်တီးနိုင်သောနည်းပညာဖြစ်ကာ ထိုကဲ့သိုဖန်တီးနိုင်သော Application များစွာကို Google နှင့်အတူပူးပေါင်းဖန်းတီးနိုင် မည်ဖြစ်ကြောင်းLenovo မှပြောကြားခဲ့သည်။ Lenovo Phab 2 Pro ဈေးနူန်းမှာ US $ 499 ဒေါ်လာ ခန့်ကျသင့်မည်ဖြစ်ကာ စက်တင်ဘာလ တွင်စတင်ရောင်းချမည်ဖြစ်သည်။

 



Credit to ==> Phone News Up To Date


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com