Facebook ဟာ လာမယ့် နှစ်နှစ်လောက်အတွင်းမှာ သူတို့ရဲ့ Main App
ကနေပြီးတော့ Messaging လုပ်ဆောင်ချက်ကို ဖယ်ရှားသွားဖွယ်ရှိနေတယ်လို့
သိရပါတယ်။ ဒါဟာဆိုရင် Facebook အနေနဲ့ ချက်ဘောက်အစား သူတို့ရဲ့ Messenger
App ကိုပိုမိုအသုံးပြုဖို့အတွက် ဖိအားတစ်ရပ်ပေး လိုက်တာ ဖြစ်တယ်လို့
သတင်းတွေကဆိုပါတယ်။
Messenger App ကိုပိုမိုအသုံးပြုဖို့အတွက် ယခုလိုပိတ်ပင်ဖို့ ပြုလုပ်တယ်ဆိုတာ သိသာတဲ့အကြောင်းရင်း တစ်ရပ်ဖြစ်ပြီး ဒီ App အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလတုန်းက အသုံးပြုသူဦးရေ သန်း၉၀၀ ပြည့်ခဲ့ပြီးဖြစ်ပါတယ်။ Facebook အနေနဲ့ မကြာမီကာလအတွင်း အသုံးပြုသူဦးရေ တစ်ဘီလျံပြည့်နိုင်ဖို့အတွက် ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းကလည်း Facebook ဟာ Post တွေကနေတစ်ဆင့် ကိုယ်လိုအပ်တာကို သိရှိစေမယ့် သူတို့ရဲ့ AI စနစ်အသစ် တစ်မျိုးဖြစ်တဲ့ “DeepText” ကိုလည်းမိတ်ဆက်ခဲ့ပါသေးတယ်။ ဒီလုပ်ဆောင်ချက်ဟာဆိုရင် ကိုယ် Post ထဲမှာထည့်ရေးလိုက်တဲ့ ကိုယ့်အတွက်လိုအပ်နေတဲ့ လိုအပ်ချက်၊ သိလိုသမျှတွေကို AI အနေနဲ့ Post ပိုင်ရှင်ကို မေးမြန်းပြီး ပြန်လည်ဖြေကြားပေးမှာပါ။

www.pyaephyo.com