6/04/2016

Miracle_Box အသုံးပြူခြင်းအပိုင်း (၁) By CHAN LAY (MCMM)






ဖုန်းကလစ်သူများနဲ့ ဆိုင်သမားများအတွက် Yehtutnaung ရဲ့
Miracle Box အသုံးပြုနည်း အပိုင်း (၁) ပိုစ့်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အရမ်းခေတ်စားနေတဲ့ Miracle Box ဆိုတာကိုတော့ သိပြီးသား
လူတွေလည်း သိပြီးဖြစ်ကြမှာပါ၊ ဆရာတွေကိုတော့ အထူးပြောစရာမလိုဘူးပေါ့

သူက Meditek Cup အမျိုးအစားကို အကောင်းဆုံး Solution ပေးနိုင်တဲ့
All in one Box လေးတစ်ခု ဖြစ်ပါတယ်၊ တကယ်လည်းကောင်းပါတယ်။

ဒီ Miracle Box ဖြင့် Meditek Cup အမျိုးအစားအတွက် Repair ပြုလုပ်တဲ့
နေရာမှာ 99% လောက် သေချာနှုန်းရှိပါတယ်၊ ဒါကြောင့်လူကြိုက်များနေတာပါ။

 Miracle Box ဖြင့် မရင်းနှီးသေးတဲ့ သူတွေနဲ့ စတင်လေ့လာမယ့်သူတွေပါ ဒီ Box နဲ့ပတ်သက်ပြီး
Mediatek Devices များအတွက် လုပ်ဆောင်ပေးနိုင်တဲ့ Features များကို အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်။


Box Features
=========
1. Read Firmware

2. Write Firmware

3. Format Mobile

4. Phone Boxxk Backup

5. Read NV Data

6. Write NV Data

7. Repair Unknown Baseband

8. Repair Download Mode

9. Read Pattern Unlock

10. Reapir IMEI

11. USB Debug Enabler


Samsung Device အတွက် Z3 Box က အကောင်းဆုံး အလုပ်လုပ်ပေးနိုင်သလို
 သိုင်းလောကရဲ့ နေ့စဉ်ဘ၀ထဲမှာတော့ MTK Device တွေအတွက် Miracle Box က
အကောင်းဆုံး အနေအထား ဖြစ်နေပါတယ်။

အမှားပေါင်းများစွာနဲ့ တိုက်ပွဲဝင်နေရတဲ့ သိုင်းလောကသားတစ်ယောက်အတွက်
သောင်းခြောက်ထောင်သော Error များကို Reapir လုပ်ဖို့ရန်နဲ့ Solution
ကောင်းကောင်းလုပ်ပေးနိုင်ပြီး သိုင်းလောကတွင် ဆရာတစ်ယောက်အဖြစ်
ရပ်တည်ချင်တယ်ဆိုရင်တော့ ဒီ Miracle Box လေးကို အသုံးပြုတတ်နေဖို့က
အဓိကသော့ချက်ဖြစ်လာပါတော့တယ်။

ဒီ  Miracle Box ရဲ့ Features များကို ကောင်းကောင်းအသုံးပြုတတ်ခဲ့ရင်တော့
MTK devices တော်တော်များများ အတွက် အောင်ပွဲခံနိုင်ရန်အသင့်ဖြစ်နေပါလိမ့်မယ်။

ယခုဖေါ်ပြပါ Miracle Box အသုံးပြုနည်း Guide သည် သိပြီးသားဆရာများအတွက်တော့
မဟုတ်ရပါ၊ ဘောက်စ်ကို အသုံးမပြုဖူးသေးတဲ့ သူတွေနဲ့ MTK devices များကို
ပိုင်နိုင်စွာဖြင့် ဆားဗစ် ကောင်းကောင်းလုပ်ချင်တဲ့ သူတွေအတွက်ပဲ ရည်ရွယ်တာဖြစ်ပါတယ်။

နည်းပညာစာအုပ်ကောင်းတွေ များစွာအနက် ဒီစာအုပ်ကိုလည်း လက်မလွှတ်သင့်ပါဘူး
အရင် ကျနော်တင်ပေးဖူးတဲ့  တေဇာအောင် (sky mobile) ရဲ့ Miracle Box အသုံးပြုနည်း
Beginner Guide စာအုပ်ရယ် ခယု Yehtutnaung ရဲ့ ကြိုးစားအားထုပ်မှုဖြင့် Edition လေးရယ်
တွဲစပ်ပြီး လေ့လာနေမယ်ဆိုရင်တော့ မရှင်းသေးတာ ရှင်းသွားမယ်၊ေ၀၀ါးနေတာ လင်းသွားမယ်။

အဆိုပါ ဒီစာအုပ်များသည် ပြည့်စုံ ကောင်းမွန်တယ် မဟုတ်ပေမယ့်လည်း
 မဖြစ်မနေဖတ်ဖြစ်အောင် ဖတ်ထားသင့်တဲ့ စာအုပ်ကောင်းလေးတွေ
 ဖြစ်နိုင်ပါတယ်ဆိုတာကိုတော့ Message ပေးချင်ပါတယ်။


မူရင်းပိုစ့်ကို ကျနော် PDF Version အဖြစ်ဖန်တီးပေးထားပါတယ်
အလိုရှိတဲ့သူတွေကတော့ အောက်ကလင့်မှာဒေါင်းလော့ရယူဖတ်ရှုနိုင်ပါပြီ။


Download Links


Miracle_Box အသုံးပြူခြင်းအပိုင်း ၁


Miracle_Box အသုံးပြူခြင်းအပိုင်း ၁


Miracle_Box အသုံးပြူခြင်းအပိုင်း ၁


တေဇာအောင် (sky mobile) ရဲ့ Miracle Box အသုံးပြုနည်းစာအုပ်

Miracle Box အသုံးပြုနည်း စာအုပ် (For Beginner)




အားလုံးကိုကျေးဇူးတင်ပါတယ်







www.mcmm.ga

My Facebook Wall- (HERE)

Credit To... (Yehtutnaung)








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com