6/13/2016

♪ “Mazes of Karradash 2”


Mazes of Karradash 2 ဟာမူလဂိမ်းရဲ့နောက်ဆက်တွဲဇာတ်လမ်းဖြစ်သလို ခပ်သွက်သွက်ထွက်လာ ခဲ့တာဖြစ်ပြီးပိုမိုကြီးမားတဲ့ ဂိမ်းတစ်ခုဖြစ်လာခဲ့ပါ တယ်။Karadash dungeon ကိုလေ့လာမယ့် သူရဲကောင်းနေရာက ကစားရ မှာဖြစ်ပြီး၊ ဒီတစ်ခါအထပ်၂၀ထိပါဝင်လာပါတယ်။ ပထမတစ်ခေါက်၂၅ထပ် ရှိလို့ဂိမ်းကိုပိုပြီး ဇာတ်လမ်းတိုသွားမယ်တော့မယူဆသင့်ပါဘူး။ အထပ်တစ်ထပ်စီဟာအရင်ဂိမ်းတွေ ထက်ပိုပြီးသိသိသာသာ ကျယ်လာတာကြောင့်အချိန်ပို ကုန်စေပြီးယခင်ကထက် လျှို့ဝှက်ချက်တွေလည်း ပိုများလာစေပါတယ်။

ပဟေဠိတွေများလာရုံမက boss အဆင့် monster တွေလည်းပိုများ လာပါ တယ်။တိုက်ပွဲကတော့ အရင်ပုံစံမျိုးပဲဖြစ်ပြီး အ၀ါရောင်ဟာသတိထားရမယ့် Monster တွေဖြစ်ပြီးအနီကတော့ boss တွေ ပဲဖြစ်ပါတယ်။ ရန်သူတွေကို နှိမ်နင်းပြီးရွှေနဲ့expအချို့ရပါလိမ့်မယ်။ ရတနာသေတ္တာတွေ ကိုလည်းတွေ့ရ တတ်ပြီးတိုက်ပွဲဟာ အလှည့်ကျတိုက်ခိုက်တဲ့စနစ်ဖြစ်ပါတယ်။ တကယ်လို့သေသွားခဲ့ရင် သင့်ဇာတ်ကောင် ကိုလုံးဝဆုံးရှုံးရမှာဖြစ်ပြီးဇာတ်ကောင်ကိုအသစ်ကပြန်စရမှာဖြစ်ပါတယ်။

ဒါပေမယ့် Dungeon ကိုတော့နောက်ဆုံး ရောက်ခဲ့တဲ့ နေရာကပြန်စနိုင်လို့ အားလုံးအလကားတော့ မဖြစ်ပါဘူး။ ဂိမ်း အစပိုင်းမှာလူသားမျိုးနွယ်ကိုပဲရွေးချယ်နိုင်မှာဖြစ်ပြီးပစ္စည်းများများလည်း ရှိဦးမှာမဟုတ်ပါဘူး။မြို့ကိုအဆင့်မြင့်ရင်းနဲ့မှတခြားမျိုးနွယ်တွေနဲ့ပစ္စည်းတွေကို တဖြည်းဖြည်းရလာမှာဖြစ်ပါ တယ်။ Mazes of Karradash 2 ဟာ မူလ ကထက်ပိုကောင်းလာခဲ့ပြီးကြီးမားတဲ့ အရွယ်အစားကြောင့် ယခင်ကထက် အားစိုက်ပြီးကစားရမှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 



Download

www.pyaephyo.com