ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကျင်းပခဲ့တဲ့ Apple ရဲ့ Developer ပွဲမှာ
နောက်ထွက်လာမယ့် software ပေါင်းများစွာကို Apple က ထုတ်ဖော်သွားခဲ့ပေမယ့်
သူတို့ရဲ့ hardware ပိုင်း နည်းပညာသစ် တွေကိုတော့
လျို့ဝှက်ထားဆဲဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးပေါက်ကြားလာတဲ့ ပုံတွေနဲ့
သတင်းတွေအရတော့ နောက်ဆုံးထွက်ရှိလာမယ့် Macbook Pro မှာ customize
ပြုလုပ်နိုင်မယ့် OLED touch panel တစ်ခုပါဝင်လာမယ်ဆိုတဲ့ သတင်းဟာ
သေချာသလောက်ရှိသွားပြီဖြစ်ပါတယ်။
ထွက်ရှိလာခဲ့ပြီးဖြစ်တဲ့ MacOS beta ဗားရှင်းမှာဆိုရင် “kHIDUsage_LED_CallPickup”, “kHIDUsage_LED_DoNotDisturb” နဲ့ “kHIDUsage_LED_CapsLock.” ဆိုတဲ့ code သုံးကြောင်း ပါဝင်နေတာကို တွေ့ရပြီး ဒါတွေဟာ OLED panel ပါဝင်လာမယ်ဆိုတဲ့ အဓိက အကြောင်းအချက်တွေဖြစ်ပါတယ်။
ဒီ panel ကိုတော့ MacBook ရဲ့ Function Key တွေရဲ့ အထက် နေရာလွတ်မှာ ပါဝင်လာမှာဖြစ်ပြီး ဒီ panel ကနေတစ်ဆင့် ကိုယ်အလွယ်တကူထိန်းချုပ်ချင်တဲ့ လုပ်ငန်းဆောင်တာ (ဥပမာ- သီချင်းနားထောင်တာတွေကို ပြုလုပ်သွားနိုင်မှာဖြစ်ပါတယ်)
ဒီ OLED panel မှာ ဆိုရင်တော့ လက်ဗွေစစ်ဖို့အတွက် touch ID ကို ထည့်သွင်းပေးထားနိုင်ပြီး နောက်ထွက်လာမယ့် MacBook တွေကို လက်ဗွေနဲ့ စစ်ဆေးပြီး ဖွင့်နိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ MacOS Beta ဗားရှင်းမှာဆိုရင်တော့ အရင်က iPhone တွေမှာသာပါဝင်ခဲ့တဲ့ Siri ကို Sierra ဆိုတဲ့ အမည်နဲ့ ပါဝင်လာမှာဖြစ်ပြီး ကွန်ပျူတာတွင်း လုပ်ငန်းစဉ်တွေအပြင် ၊ တစ်ခြားပြင်ပအလုပ်တွေကိုပါ ခိုင်းစေနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

www.pyaephyo.com