6/10/2016

♪ “Lenovo Vibe X2” ♫


လူအများကြားတွင် တစ်မူထူးခြားစွာ ဆွဲဆောင်မှုရှိစေမယ့် VIBE ရဲ့ Multi- Layer ဒီဇိုင်းဟာ သုံးစွဲသူရဲ့ Multi-Layered Lifestyle နှင့် အံဝင်ခွင်ကျ ဖြစ်အောင် ဖန်တီးထားခြင်းဖြစ်ပါတယ်။ Media Tek ရဲ့အဆင့်မြင့် 4G LTE True 8 Core processor ၈လုံးနှင့်ပြည့်စုံကောင်းမွန်တဲ့ MultiMedia အတွေ့ အကြုံကိုပေးစွမ်းနိုင်မည့်အပြင် ဘက်ထရီသက်တမ်းကို ပိုမိုမြှင့်ပေးမယ့် Power-Saving နည်းပညာပါ ပါဝင်ပေါင်းစပ်ထားပါတယ်။

ဒါ့အပြင် CPU ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အ၀ အထောက်အပံ့ပေးနိုင်တဲ့ 2G RAM Memory ကြောင့်ဘယ်လို လုပ်ငန်းမျိုးကိုမဆို အလျင်မြန်ဆုံးနဲ့ အပေါ့ပါးဆုံး စွမ်းဆောင်ပေးနိုင်မယ့် အတွေ့အကြုံကိုခံစားနိုင်မှာပါ။ Primary Camera ဖြင့် 13MP ရှိတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ကာ အရှေ့ Camera ဖြင့် 5MP ရှိတဲ့ Selfie ဓာတ်ပုံတွေကို ရယူနိုင်မှာပါ။

ဓာတ်ပုံရိုက်ယူခြင်းနည်းလမ်း မျိုးစုံ ပါဝင်ခြင်းကြောင့် ဆန်းသစ်တီထွင်မှုကို အလွယ်တကူပုံဖော်နိုင်ခြင်း၊ Beautification နည်းပညာဖြင့် ဘယ်အချိန်မှာပဲရိုက်ရိုက် နုပျိုလန်းဆန်း လှပစေခြင်း၊ ကိုယ်ပိုင် လက်ဟန်အမူအရာ သို့မဟုတ် အသံဖြင့်ထိန်းချုပ်ပြီး ရိုက်ကူးနိုင်ခြင်းနှင့် Anti-Distortion နည်းပညာဖြင့် အမှုန်အ၀ါးပါဝင်မှု ကင်းရှင်းတဲ့ ဓာတ်ပုံများကို ရယူနိုင်ပါတယ်။ အသုံးပြုသူတွေ နှစ်သက်မှု ရှိစေမယ့် VIBE Xtension Layer အသစ်ကို VIBE X2 Smartphone တွင် ထည့်သွင်းပေးထားပါတယ်။

VIBE X2 တွင်၇၅% ပိုမိုကြာရှည်တဲ့ ဘက်ထရီ သက်တမ်းကို ရရှိစေမှာဖြစ်ပါတယ်။ GSM/WCDMA SIM Card ၂ခု ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး 3G Network ရဲ့မြန်နှုန်းမြင့် HSPA + အထိရရှိနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် အင်တာနက်နှင့် Social App အသုံးပြု တာ၊ စာဖတ်တာ၊ သီချင်းနားထောင်တာ၊ Video ကြည့်တာ၊ ဂိမ်းကစားတာ တွေကို ကောင်းကောင်း လုပ်ဆောင်နိုင်မှာ ပဲဖြစ်ပါတယ်။ ထည့်သွင်းပေးထား သော မှတ်ဥာဏ်ပမာဏသည်လည်း များပြားခြင်းကြောင့် အချက်အလက် များစွာ သိမ်းဆည်းနိုင်ပါလိမ့်မယ်။

<Specification>
Network - GSM/HSPA/LTE
Processor - QC 2 GHz&QC 1.7GHz
Screen - 5 inches
Camera - 13 MP
Storage - 32 GB
OS - Android OS,v4.4
Contact - 01-381035
Price - 239,000 Ks
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com