6/13/2016

♪ iPhone 7 မှာ Space Gray အစား Deep Blue Color ထည့်သွင်းသွားဖွယ်ရှိ ♫


လာမယ့်စက်တင်ဘာလမှာ Apple ဟာ iPhone 7 နဲ့ 7 Plus ဖုန်းတွေကို ထုတ်ပြန်ကြေငြာမှာဖြစ်ပါတယ်။ ဒီဖုန်းတွေအပြင် မော်ဒယ်အသစ်အနေနဲ့ iPhone 7 Pro မော်ဒယ်ကိုပါ ထုတ်လုပ်မယ်လို့ ဆိုပေမယ့် ယနေ့ထိ သေချာခြင်းမရှိသေးပါဘူး။ ဒီအချိန်မှာ ကောလဟလ သတင်းတစ်ရပ်အနေနဲ့ ထွက်ပေါ်လာတာကတော့ ဖုန်းရဲ့ ဒီဇိုင်ပိုင်းကို ပြောင်းလဲမယ်လို့ ဆိုကြတာပဲဖြစ်ပြီး ဒီနေ့ထိထွက်လာတဲ့ သတင်းတွေအရတော့ ကင်မရာနှစ်လုံးပါဝင်မယ့်ဒီဇိုင်းနဲ့ Antenna ကိုဖျောက်ထားမယ့် ပုံစံတွေပဲ ဖြစ်ပါတယ်။

ဒီအချိန်မှာ နောက်ထပ်ထွက်ပေါ်လာတဲ့ သတင်းတစ်ရပ်ကတော့ iPhone 7 မှာ အရောင်ပြောင်းလဲမှုတစ်ရပ်အနေနဲ့ ကာလာအသစ်တစ်မျိုးကို ထည့်သွင်းမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို တရုတ် Supplier တွေဆီက ထွက်ပေါ်လာတာဖြစ်ပြီး အရောင်အသွေးကို Silver, Gold နဲ့ အရောင်အသစ်ဖြစ်တဲ့ “Deep Blue” (နက်ပြာ) ကို ယခင်ကထည့်သွင်းထုတ်လုပ်ခဲ့တဲ့ Space Gray နေရာမှာ ထည့်သွင်းပြီး ပြောင်းလဲထုတ်လုပ်နိုင်ခြေရှိနေပါတယ်။

ထုတ်လုပ်ခဲ့ဖူးတဲ့ Rose Gold ကာလာကိုတော့ ထည့်သွင်းမသွင်းမသေချာသေးပါဘူး။ ဒီလိုမျိုး Bold ဖြစ်တဲ့ ကာလာကို ယခင်က iPhone 5c မှာ နမူနာအနေနဲ့ ထည့်သွင်းခဲ့ဖူးပေမယ့် အဓိကဖြစ်တဲ့ စမတ်ဖုန်းတွေမှာတော့ ထည့်သွင်းထုတ်လုပ်ဖူးခြင်းမရှိပါဘူး။ iPhone 7 ဟာပြောင်းလဲမှုတွေအဖြစ်နဲ့ အထက်ပါအချက်တွေအပြင် Home Button ကိုဖျောက်ထားမယ့် Screen ပြည့် Display တစ်မျိုးပါဝင်မယ့် သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားခဲ့ဖူးပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com