6/16/2016

♪ iOS 10 မှာ ပါဝင်လာတဲ့ လူကြိုက်တွေ့အုံးမယ့် အကောင်းဆုံး လုပ်ဆောင်ချက်သစ်များ ♫


နောက်ဆုံး iOS ဗားရှင်းအနေနဲ့ ထွက်ရှိလာတဲ့ iOS 10 မှာတော့ လူကြိုက်များအုံးမယ့် လုပ်ဆောင်ချက်သစ်တွေပါဝင်လာခဲ့ပါတယ်။ iOS 9 နဲ့ ကွာခြားမှုအတော်လေးရှိလာတာကိုတွေ့ရပြီး iOS 10 ရဲ့ လုပ်ဆောင်ချက်သစ်တွေကတော့ အတော်လေးကို cool ဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။

i msg 1
Message ပိုင်း
iOS 10 ရဲ့ message ပိုင်းမှာတော့ အခုလို ပြောင်းလဲမှုအသစ်တွေ အတော်များများ ပါဝင်လာပါတယ်။ Bubbles look ဆိုတဲ့ လုပ်ဆောင်ချက်သစ်တစ်ခု iOS ဗားရှင်းသစ်မှာ ပါဝင်လာခဲ့ပြီး ကိုယ့်ပို့မယ့် message ကို ဖိထားသလောက် ကြီးသွားမယ့် ပုံစံမျိုးပါ။ အရှင်းဆုံးပြောရမယ်ဆိုရင်တော့ Facebook messenger က Like ပုံစံ လက်မ အပြာရောင်လေးကို ဖိပြီး ကြီးအောင် လုပ်လို့ ရသလိုမျိုးပါ။
i msg 4

iOS 10 မှာတော့ emoji အရွယ်အစားဟာ အရင် emoji ရဲ့ အရွယ်အစားထက် သုံးဆအထိ ပိုကြီးလာပါတယ်။ ဒါ့အပြင် ကိုယ်ပြောလိုက်တဲ့ စကားပေါ်မှာ မူတည်ပြီး အသုံးပြုလို့ကောင်းမယ့် emoji ကို အလိုအလျောက် ခန့်မှန်းပေးသွားမှာပါ။ ဥပမာအနေနဲ့တော့ “ We will watch football match at 5 P.M . Then we eat pizza or hot-dog” ဆိုတဲ့ message မှာ သင့်တော်တဲ့ emoji သုံးလို့ရမယ်ဆိုတဲ့ နေရာကို အဝါရောင်ဟိုက်လိုက်ပြပေးသွားပါလိမ့်မယ်။ သင့်အနေနဲ့ သုံးချင်ရင် အဝါရောင်ဟိုက်လိုက်တွေပေါ်ကို နှိပ်လိုက်ရုံပဲဖြစ်ပြီး football match နေရာမှာ ဘောလုံးပုံနဲ့ pizza နဲ့ hot-dog နေရာတွေမှာ pizza နဲ့ hot-dog ပုံ emoji လေးတွေ အစရှိသဖြင့် အစားထိုးပေးသွားမှာဖြစ်ပါတယ်။
i msg 3
နောက်ထပ် message အပိုင်းမှာပဲ တိုးလာတဲ့ လုပ်ဆောင်ချက်ကတော့ ကိုယ့်လက်ရေးအတိုင်းရေးပြီး ပို့လို့ရတဲ့ လုပ်ဆောင်ချက်ပါ။ နောက်ထပ်အမိုက်စား ပြောင်းလဲမှုကတော့ “invisible ink” ဆိုတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး ကို်ယ်က လျို့ဝှက်ထားပြီး ပိုမယ့်သူကို ချက်ချင်းမသိစေချင်တဲ့ message တွေနဲ့ ဓာတ်ပုံတွေကို ဒီ “invisible ink” ကို သုံးပြီး ပို့လို့ရမှာပါ။ message လက်ခံသူ ဘက်ကတော့ ချက်ချင်းစာသားနဲ့ ဓာတ်ပုံတွေကို မမြင်ရဘဲ အမှုန်လေးတွေဖုံးနေတဲ့ ပုံစံကိုမြင်ရမှာပါ။ message နဲ့ ပုံ ပေါ်က အမှုန်တွေကို လက်နဲ့ တွန်းဖယ်လိုက်မှသာ စာသားတွေကို မြင်ရမှာဖြစ်ပါတယ်။
Siri
Siri
Apple ရဲ့ AI ဖြစ်တဲ့ Siri မှာလည်း ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတယ်။ Siri ကတော့ Apple Store က အက်ပလီကေးရှင်းတွေနဲ့ တွဲဖက်အလုပ်လုပ်နိုင်ပြီဖြစ်ပါတယ်။
map
Map
iOS 10 မှာ Map ကလည်း ပိုအဆင့်မြင့်လာပါတယ်။ Map မှာတော့ သင်သွားလိုတဲ့ နေရာနဲ့ လက်ရှိအကွာအဝေးကြားက အနီးဆုံးလမ်းကြောင်းကို တွက်ချက်ပေးသွားမှာပါ။ နောက်ဆုံးဗားရှင်းနဲ့ map ဟာ ဆိုရင်တော့ စားသောက်ဆိုင်မှာ ဘွတ်ကင်လုပ်တာနဲ့ တက္ကစီခေါ်ပေးတာမျိုးတွေကိုတောင် ပြုလုပ်ပေးနိုင်သွားပြီဖြစ်ပါတယ်။ map ဟာ ကိုယ်သွားမယ့် လမ်းကြောင်းတစ်လျှောက်မှာရှိနေတဲ့ ဆီဖြည့်နိုင်မယ့်နေရာ ၊ စားသောက်နိုင်မယ့်နေရာတွေကိုလည်း တစ်ခါတည်းရှာဖွေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်တွေကတော့ Google Map မှာ ရရှိပြီးသား လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။
Texting

Texting
iOS 10 မှာတော့ စာရိုက်ရတာ ပိုပြီး မြန်ဆန်လာပြီဖြစ်ပါတယ်။ သင့်အနေနဲ့ “ Mg Mg’s phone number is ”  လို့ ရိုက်နေတဲ့ အချိန်မှာ ကီးဘုတ်ထိပ်မှာ ဖုန်း contact မှာ မှတ်သားထားတဲ့ “မောင်မောင်ရဲ့ ဖုန်းနံပါတ်” ကို အလိုအလျောက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Photo
Photo
Photo မှာလည်း ကိုယ့်ရဲ့ ဓာတ်ပုံကို ကြည့်ပြီး category သက်သက်စီခွဲထုတ်ပေးသွားတာကို iOS 10 မှာ တွေ့ရပါတယ်။ ဥပမာအနေနဲ့ ကမ်းခြေမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို beach ဆိုပြီး အယ်လ်ဘမ် ခွဲထားပေးမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ကမ်းခြေက ဓာတ်ပုံတွေကို ရှာလိုတဲ့ အခါမှာလည်း beach လို့ရေးလိုက်တာနဲ့ ကမ်းခြေက ပုံတွေကို အလွယ်တကူပြန်ရှာသွားနိုင်တော့မှာဖြစ်ပါတယ်။
Photo 1
ဒါ့အပြင် photo ရဲ့ memory မှာလည်း ရိုက်ခဲ့တဲ့နေရာနဲ့ ဓာတ်ပုံအခြေအနေကို ကြည့်ပြီး အယ်လ်ဘမ်လေးတွေ ခွဲထားပေးထားတာကို တွေ့ရတော့မှာပါ။ နောက်ဆုံးအနေနဲ့တော့ Apple pay ကို ဝက်ဘ်ဆိုက်တွေထဲမှာ တိုက်ရိုက်ပေးပို့နိုင်သွားတာကို တွေ့ရပါတယ်။
Home Smart Home လို့ နာမည်ပေးထားတဲ့ အိမ်သုံးအက်ပလီကေးရှင်းကတော့ အိမ်မှုကိစ္စတွေဖြစ်တဲ့ မီးပိတ်တာတွေ ၊ တံခါးဖွင့်တာတွေနဲ့ တစ်ခြား ပြတင်းပေါက်ကို အလင်းချိန်တာစတဲ့အလုပ်တွေကိုတောင် ပြုလုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ music ကိုလည်း ဒီဇိုင်းပိုင်းတွေပြောင်းလဲထားတာကိုတွေ့ရပြီး သီချင်းစာသားနဲ့ပါတစ်ပါတည်း နားထောင်လို့ရမယ့် ပုံစံမျိုး ပြုလုပ်ထားတာကိုတွေ့ရပါတယ်။ news ကိုလည်း ဒီဇိုင်းပိုင်းပြောင်းလဲထားတာကိုတွေ့ရပါတယ်။
နောက်ထပ်ထူးခြားတဲ့ ပြောင်းလဲမှုကတော့ iPhone ကို ကောက်ကိုင်လိုက်တာနဲ့ ဖုန်းက တန်းပြီးပွင့်သွားမယ့် ပုံစံမျိုးဖြစ်ပါတယ်။ Calendar , Weather နဲ့ Stocks စတဲ့ app တွေမှာလည်း 3D touch ရသွားပြီဖြစ်ပြီး သင့်အနေနဲ့ အချက်အလက်တွေကို app ထဲထိ ဝင်ကြည့်စရာမလိုတော့ပါဘူး။ iOS 10 မှာတော့ notification ကနေ တန်းပြီးတော့ reply ပြုလုပ်လို့ရသွားပါပြီ။
ဒါကတော့ iOS 10 မှာ ပါဝင်လာတဲ့ လုပ်ဆောင်ချက်သစ်တွေပဲဖြစ်ပါတယ်။ အားလုံးက အသုံးဝင်နေတာကြောင့် ဘာကိုမှ မချန်လှပ်ပဲ အခုလိုမျိုးရေးသားလိုက်ရတာပါ။ iOS 10 ကိုတော့ အောက်မှာဖော်ပြထားတဲ့ iPhone တွေနဲ့ iPad တွေမှာ ရရှိသွားမှာပါ။ လောလောဆယ်မှာတော့ developer ဗားရှင်းပဲရှိသေးတာကြောင့် public မှာ ရရှိဖို့တော့ အချိန်အနည်းငယ်စောင့်ဆိုင်းရမှာဖြစ်ပါတယ်။
iOS 10 ရရှိနိုင်မယ့် Apple Device များ
iPhones:
iPads:
iPod:

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com