6/20/2016

♪ မြန်မာနိုင်ငံမှာ ရရှိနိုင်ပြီဖြစ်တဲ့ Huawei P9 ♫


မကြာသေးမှီက ဂျာမနီမှာ ပြသခဲ့တဲ့ Huawei P9 ဟာ လာမယ့် ၂၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာ ရနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ Huawei P9 ဟာ ဈေးနှုန်းအနေနဲ့ ကျပ် ၅၅၉,၀၀၀ကျပ်နှင့် Junction Square မှာ စတင်ရောင်းချမှာဖြစ်ပါတယ်။

Huawei ရဲ့ P9 ဖုန်းကို ပြီးခဲ့တဲ့ ဧပြီလတုန်းက ဂျာမနီနိုင်ငံမှာ စတင်ကြေငြာခဲ့တာပါ။ ဒီဖုန်းဟာ ကင်မရာ အသားပေးဖုန်းအမျိုးအစားထဲမှာ ပါဝင်ပြီး ကင်မရာကို ဂျာမနီနိုင်ငံရဲ့ နာမည်ကြီးကင်မရာ ကုမ္ပဏီ Leica နဲ့ ပူးပေါင်းဖန်တီးထားတာဖြစ်ပါတယ်။ Dual Camera ပါဝင်လာတဲ့ ပထမဆုံး ဖုန်းအမျိုးအစားဖြစ်ပြီး ဒီကင်မရာက Landscape, Black White စတဲ့ Specification ပေါင်းများစွာကို အကောင်းဆုံးရိုက်ကူးစေနိုင်မှာ ဖြစ်ပါတယ်။

တခြားပါဝင်တဲ့ အချက်အလက်တွေကတော့ မျက်နှာပြင် 1080 x 1920 pixel ရှိတဲ့ ၅.၂လက်မ အကျယ် Gorilla Glass မျက်နှာပြင်၊ Internal Memory 32GB နဲ့ 256 GB အထိ ထပ်မံစိုက်လို့ရမယ့် SD Card Slot, 4GB RAM၊ Non Remobable Li-Ion 3000 mAh ဘက်ထရီ၊ Fingerprint ဆန်ဆာ တို့နဲ့ Android 6.0 Marshmallow ကိုအသုံးပြုပြီး အလုပ်လုပ်မှာဖြစ်ပါတယ်။

huawei-p9-2

ကင်မရာအနေနဲ့ Dual 12 MP ရှိတဲ့ Focus 2.2, 27mm ရှိတဲ့ Autofoucus စနစ်ပါဝင်တဲ့ ကင်မရာနဲ့ Dual LED Flash တို့ပါဝင်မှာပါ။ ရှေ့မျက်နှာကင်မရာကတော့ 8MP ရှိတဲ့ 1080P ကင်မရာတစ်လုံးပါဝင်မှာပါ။ အရောင်တွေအနေနဲ့ အဖြူ၊ အနက်နဲ့ ရွှေရောင်ဆိုပြီး အရောင်အသွေး ၃မျိုးနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် Huawei P9 စမတ်ဖုန်းကို လာမယ့် ၂၅ရက်နေ့မှာ Junction Square Shopping Centre နဲ့ မန္တလေးမြို့ Sky Walk Shopping Mall တို့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး မနက် ၉နာရီကနေ ၁၁နာရီအထိ ဝယ်ယူတဲ့သူတွေအနေနဲ့ Huawei TalkBand B3 စမတ်နာရီ၊ လက်ဆောင်ဘူး (Tripod, Selfie Stick)၊ သားရေကာဗာ၊ Screen Protector တို့ကို လက်ဆောင်အနေနဲ့ ရရှိမှာဖြစ်ပြီး ပထမဆုံးဝယ်ယူတဲ့သူ ၁၀ဦးကတော့ အဲ့ဒီလက်ဆောင်တွေအပြင် နောက်ထပ် အပိုလက်ဆောင်တွေပါ ထပ်မံထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com