HTC One (M8)
ဒီဖုန်းက ပြည်တွင်းဈေးကွက်ထဲကို ၂၀၁၄ ခုနှစ်ကတည်းကရောက်ခဲ့တာဖြစ်ပြီး ယနေ့အချိန်အ ထိဈေး နှုန်းအရရော၊ နည်းပညာပိုင်းအရပါ တန်းဖိုးသင့်အမျိုးအစားထဲမှာရပ်တည်နေတဲ့ဖုန်းတစ်မျိုးဖြစ်ပါ တယ်။အခုလိုတန်ဖိုးသင့် နေရာမှာရပ် တည်နိုင်ရတဲ့အကြောင်းအရင်း     အကြမ်းခံတာကြောင့်လို့ယူဆ ရပါမယ်။သုံးစွဲသူတွေအနေနဲ့လည်းယနေ့အထိ မေးမြန်းစုံစမ်း မှုတွေရှိနေပြီး စိတ်ဝင်စားခြင်းခံနေရတဲ့ စမတ်ဖုန်းတစ်မျိုးလည်းဖြစ်ပါတယ်။

မျက်နှာပြင်အရွယ်အစား ၅ လက်မရှိပြီး Super LCD3 capacitive touchscreen သုံးစွဲထားတဲ့ဖုန်းလည်းဖြစ်ပါတယ်။ထိခိုက်မှုဒဏ်ခံနိုင်အောင် Corning Gorilla Glass 3 ကိုတပ်ဆင်ပေးထားပါတယ်။GSM ကွန်ရက်မှာသုံးစွဲနိုင်ပြီး ဆင်းကတ်တစ်ခုတည်းအသုံးပြုရမှာဖြစ် ပါတယ်။ဖျော်ဖြေရေးအပိုင်း အတွက် Android OS ကိုသုံးစွဲထားပြီး Version 4.4.2 (KitKat) ဖြစ်တဲ့အ တွက် ဂိမ်းကောင်းတွေကို အဆင်ပြေပြေကစားနိုင် မှာဖြစ်ပါတယ်။CPU Quad-core 2.3 GHz ဖြင့်မောင်းနှင်ပေးထားပြီး GPU Adreno 330နဲ့ထောက်ပံ့ပေးထားကာ Qualcomm MSM8974AB Snapdragon 801 Chipset နဲ့လုပ်ငန်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဖုန်းတွင်းမှတ်ဥာဏ်ပမာဏမှာ 16/32 GB, 2 GB RAM ရှိတဲ့အတွက် နှစ်သက်ရာကိုရွေးချယ်နိုင် ပါတယ်။ဒီမှတ်ဥာဏ်ပမာဏနဲ့မလုံ လောက်သေးဘူးဆိုရင်လည်း 128 GBအထိထပ်မံတိုးမြှင့်နိုင်ပါတယ်။ ဒီဖုန်းရဲ့အားသာချက်ကထွေ ထွေထူးထူးမရှိပါဘူးလို့မထင်ပါနဲ့ဒီနေ့အချိန်အထိသုံးစွဲသူတွေစိတ်ဝင်စားခြင်း ခံရတဲ့အဓိကအချက်က ကင်မရာပိုင်းပါ ကျောဘက်ကင်မရာကို Dual  အသုံးပြုထားပြီး နှစ်လုံးစလုံး 4 MP စီအသီးသီးရှိကြပါ တယ်။ရှေ့ဖက်ကင်မရာ 5 MP ရှိတဲ့အတွက် အဲ့ဒီခေတ်အဲ့ဒီအခါနဲ့နှိုင်းယှဉ်လိုက် ရင်တော့အတော်ကို ကောင်းမွန်တယ်လို့ဆိုရမှာပါ။

ဘက်ထရီအနေနဲ့ Li-Po 2600 mAh ကိုသုံးစွဲထားတဲ့အတွက် Stand-by ထားမယ်ဆိုရင် နာရီပေါင်း ၂၇၁ နာရီကြာအောင်ထားနိုင်မှာဖြစ်ကာ ဖုန်းချည်းဆက်တိုက်ပြောဆို မယ်ဆိုရင်တော့ ၁၄ နာရီကြာအောင်ပြောဆိုနိုင်ဖြစ်တဲ့အတွက် အလွန်အားကောင်းတဲ့ ဘက်ထရီလို့ ပြောနိုင်ပါတယ်။ အရောင်တွေကတော့ Gunmetal Gray, Glacial Silver, Amber Gold စတဲ့အရောင်တွေရှိပြီး နှစ်သက်ရာအရောင်ကိုရွေးချယ်နိုင်ပါတယ်။

တန်ဖိုး – ၅၀၀၀၀၀ ကျပ်
ဖုန်း – ၀၁၃၇၁၉၂