6/04/2016

♪ စကားလုံးကိုထိလိုက်တာနဲ့ ဘာသာပြန်ပေးမယ့် Google Translate ♫

1

Google Translate ဟာဘာသာပြန် Apps များထဲမှာအကောင်းဆုံးတစ်ခုပါ။ ဘာသာစကားပေါင်း ၁၀၃ ခုကိုဘာသာပြန်ပေးနိုင်ပါတယ်။ အခုနောက်ဆုံးဗားရှင်းမှာအခြား Apps များထဲမှ စကားလုံးတစ်ခုကိုထိလိုက်တာနဲ့ ဘာသာပြန်ပေးမယ့် Tap to Translate စွမ်းရည်ပါလာပါတယ်။ အဲဒီအတွက် Google Translate App ကိုဖွင့်ဖို့ မလိုတော့ပါဘူး။ အင်တာနက် မလိုဘဲဘာသာပြန်ပေးတဲ့ Offline Translation လည်းပါပါတယ်။ သတင်းစာ၊ ဂျာနယ်များမှ စာသားများကိုဓါတ်ပုံရိုက်လိုက်တာနဲ့ ဘာသာပြန်ပေးမှာပါ။ လူမျိုးခြားများနဲ့ အလွယ်တကူပဲစကားပြောနိုင်အောင် ဖန်တီးပေးထားပါတယ်။ ကီးဘုတ် မသုံးဘဲလက်ချောင်းနဲ့ စာရေးပြီးဘာသာပြန်နိုင်ပါတယ်။

Google Translate ကိုပထမဆုံးအကြိမ်ဖွင့်ရင် Set Up လုပ်ခိုင်းမှာပါ။ Primary Language မှာသင့်ရဲ့ ဘာသာစကားကိုရွေးချယ်ပေးပါ။ “ Language you translate most often” မှာဘာသာပြန်လေ့ရှိတဲ့ ဘာသာစကားကိုရွေးပေးပါ။ Done ကို နှိပ်ပါ

Home Screen မှ Tap to Translate မှာ Take a tour ကို နှိပ်ပါ။ နောက်အဆင့်မှာ Turn On ကို နှိပ်ပါ။

1

Browser တစ်ခုကိုဖွင့်ပြီးနှစ်သက်ရာ ၀က်စာမျက်နှာတစ်ခုကိုဖွင့်ပါ။ စကားလုံးတစ်ခုသို့မဟုတ် စကားစုတစ်ခုကိုလက်နဲ့ ဖိပြီး Select လုပ်ပါ။ ဒါဆိုရင် Google Translate Pop-Up Icon ကို ပြသပေးမှာပါ။ Facebook Messenger Chat Head လိုမျိုး ဖြစ်ပါတယ်။

2

အဲဒီ Icon ကို နှိပ်ရင် Pop-Up Window နဲ့ ဘာသာပြန်ပေးမှာပါ။ မြန်မာဘာသာစကားအစားအခြားဘာသာစကားများကိုလည်းရွေးနိုင်ပါတယ်။ Google Translate မှ မြန်မာစာများဟာ Unicode နဲ့ ရေးသားထားတဲ့အတွက် Unicode ပါတဲ့ ဖုန်းများမှာသာအမှန်မြင်ရမှာပါ။

3

Home Screen ကို ပြန်သွားပြီးဘယ်ဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ပါ။ Phrasebook ထဲမှာသင်ကြိုက်တဲ့ ဘာသာပြန်ဆိုမှုများကိုသိမ်းထားပေးတာပါ။ ဘာသာပြန်မှုတစ်ခုမှ ကြယ်ပုံကို နှိပ်ပြီး Phrasebook ထဲမှာသိမ်းနိုင်ပါတယ်။

Google Translate ရဲ့ နောက်ထပ် ထူးခြားကောင်းမွန်တဲ့ စွမ်းရည်မှာလူမျိုးခြားများနဲ့ အလွယ်တကူစကားပြောနိုင်ပါတယ်။ ဥပမာအားဖြင့် သင်ကအင်္ဂလိပ်စကားပြောသူဖြစ်ပြီးစပိန်လူမျိုးတစ်ဦးနဲ့ စကားပြောမယ်ဆိုပါစို့။ Home Screen မှာ English နဲ့ Spanish ကိုရွေးပေးပါ။ မိုက်ကရိုဖုန်းကို နှိပ်ပါ။

4

ဖုန်းကိုဒေါင်လိုက်ကိုင်ထားပြီးသင်ကအင်္ဂလိပ်လိုပြောပါ။ ဒါဆိုရင် App က စပိန်လိုအသံထွက် ပြောပေးမှာပါ။ ဖုန်းကိုအလျားလိုက် ကိုင်လိုက်ရင် စပိန်လူမျိုးကစပိန်လိုပြောနိုင်ပါတယ်။ သူပြောတာကိုလည်းအင်္ဂလိပ်လိုအသံထွက် ဖတ်ပြပေးမှာပါ။

5

Menu ထဲက Offline translation ထဲသွားရင် Offline သုံးချင်တဲ့ ဘာသာစကားများကို Download လုပ်ထားနိုင်ပါတယ်။

6

Google Translate ဟာဖုန်းတိုင်းမှာဆောင်ထားသင့်တဲ့ Google ရဲ့ အစွမ်းထက်တဲ့ Application ဖြစ်ပါတယ်။ အောက်ပါ Link မှာအခမဲ့ ရယူနိုင်ပါတယ်။

Download


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com