6/07/2016

♪ " Google Photos ၏ လျှို့ဝှက်နည်းလမ်းများ " ♫


မိုဘိုင်းဖုန်းဖြင့်လည်းကောင်း၊ တက်ဘလက်ဖြင့်လည်းကောင်း ဓာတ်ပုံကောင်းများရိုက်ယူ လာနိုင်ပြီဖြစ်သည့်ပြင် Viber ၊ Line စသည့် ၀န်ဆောင်မှုများဖြင့် တစ်ဦးနှင့်တစ်ဦး ဓာတ်ပုံများ မျှဝေလာနိုင်ပြီဆိုသည့်အခါ လူတစ်ဦးစီ၏ Mobile device များထဲတွင် ဓာတ်ပုံအနည်းဆုံး ရာဂဏန်းမှ ထောင်ဂဏန်းအထိ ရှိလာပါသည်။ အလယ်အလတ်တန်းနှင့် အမြင့်ပိုင်းစမတ်ဖုန်းများ၏ စံပြုဓာတ်ပုံ resolution မှာ နောက်ဖက်ကင်မရာ၌ 13 MP ရှေ့ဘက်ကင်မရာ၌ 8 MP ရှိသည်ဖြစ်ရာ ဓာတ်ပုံတစ်ပုံခြင်း၏ ဖိုင်အရွယ်အစားကလည်း ကြီးပါသည်။

ယနေ့ခေတ်တွင် 8GB ရှိသော micor SD card တစ်ခုသည် ဓာတ်ပုံအများစုနှင့် ပြည့်သွားတတ်ပါသည်။ အဆုံးရှုံးမခံနိုင်သောဓာတ်ပုံများကို အခြား storage device များသို့ ရွှေ့ပြောင်း၍ သိမ်းဆည်းနိုင်သည်။ သို့သော် ယင်း storage ပျက်စီးသည့်အခါ ဓာတ်ပုံများကိုဆုံးရှုံးပါမည်။ သို့ဖြစ်၍ ဓာတ်ပုံများအနက် အရေးအကြီးဆုံး ဓာတ်ပုံများကို အွန်လိုင်းတွင်လည်း သိမ်းဆည်းသင့်ပါသည်။ မိုဘိုင်းအင်တာနက်သုံးစွဲခမှာ night pack ယူလျှင် 1 Mb အတွက် အမှန်တကယ် ကုန်ကျစရိတ် တစ်ကျပ်ပြားငါးဆယ်ခန့်အထိ ကျဆင်းလာသည်ဖြစ်ရာ အွန်လိုင်းသိမ်းဆည်းရေးမှာ လက်တွေ့နှင့် နီးစပ်လာပါသည်။ အွန်လိုင်းဓာတ်ပုံသိမ်းဆည်းရေးအတွက် Google Photos ကို သုံးစွဲနိုင်ပါသည်။ Google Photos ၏ လူသိနည်းသော သုံးစွဲမှုလျှို့ဝှက်နည်းလမ်းများကို အောက်ပါအတိုင်းတွေ့နိုင်ပါသည်။

ဓာတ်ပုံများအား backup လုပ်ရာတွင် ဘက်ထရီအသုံးချွေတာခြင်း။
Google Photos တွင်အသုံးဝင်သော Backup & Sync feature ပါသည်။ ယင်းကို activate လုပ်ထားလျှင် မိမိရိုက်ကူးထားသောဓာတ်ပုံများကို အလိုအလျောက် backup လုပ်ပေးပါသည်။ ထိုကိစ္စအတွက်
(မြန်မာနိုင်ငံတွင် မကြာမီအချိန်အတွင်း အသုံးပြုလာမည်ဖြစ်သော) WiFi အင်တာနက်က ကုန်ကျစရိတ်အတွက် အဆင်ပြေနိုင်ပါသည်။ background မှနေ၍အလုပ်လုပ်ပေးသော backup လုပ်ငန်းစဉ်ကြောင့် ဘက်ထရီ စွမ်းအင်ကုန်ဆုံးမှုများသည်ဟုထင်လျှင် မိမိ၏ moboile device ကို အားသွင်းထားသည့်အချိန်၌သာ backup လုပ်စေရန် setting ကို ပြောင်းလဲပေးထားနိုင်သည်။ ယင်းသို့ပြောင်းလဲနိုင်ရန်အတွက် Google Photo ရှိ main photo menu ကို ဖွင့်ပါ။ setting တွင် တစ်ချက်နှိပ်ပါ။ backup & Sync ကို ရွေးပါ။ အောက်ဘက်သို့ဆင်းပြီး While Charging only option ကို ရွေးချယ်ပေးပါ။

အခြားသော Apps တို့မှ ဓာတ်ပုံများကို Backup လုပ်နိုင်သည်။
Default Android Camera app ဖြင့်ရိုက်ကူးထားသောဓာတ်ပုံများကို Google photos က အလိုအလျောက် backup လုပ်ပေးပါသည်။ သို့သော် အခြား Camera app ဖြင့်ရိုက်ကူးသောဓာတ်ပုံများကိုလည်း upload တင်နိုင်သည်။ ပမာအားဖြင့်ဆိုသော် Instagram ဖြင့်ရိုက်ကူးသော ဓာတ်ပုံများဖြစ်သည်။ Backup & Sync setting menu မှနေ၍ Choose folders to backup ကိုရွေးချယ်ပြီး ထိုဓာတ်ပုံများရှိနေသော directory ကို ညွှန်ပြပေးပါရမည်။ ယင်းဓာတ်ပုံများကို Google Photos သို့ပို့ပြီး သိမ်းဆည်းသွားပါလိမ့်မည်။ Upload လုပ်ငန်းစဉ်၏ တိုးတက်မှုကို စစ်ဆေးရန်အတွက် Wi Fi သို့မဟုတ် မိုဘိုင်းအင်တာနက်ကို ချိတ်ဆက်ထားရပါ မည်။ ယင်းနောက် main menu ထဲမှ Assistant ကို ဖွင့်ပေးထားရပါမည်။

PC ထဲမှ ဓာတ်ပုံများကိုလည်း Upload တင်နိုင်သည်။
Googel Photos သည် စမတ်ဖုန်းနှင့် တက်ဘလက်မှ ဓာတ်ပုံများကိုသာမက PC ထဲမှဓာတ်ပုံများကိုလည်း backup လုပ်နိုင်သည်။ ယင်းသို့ ပြုလုပ်ရန်အတွက် Google Photos Website ဖြစ်သော www.photos.google.com သို့ browser တစ်ခုခုကိုသုံးပြီး ၀င်ရပါမည်။ ပြီးလျှင် မိမိ PC ထဲမှ ဓာတ်ပုံများကို drag and drop နည်းလမ်းဖြင့် Google Photos ၏ timeline ထဲသို့ ဆွဲချပေးရပါမည်။ Desktop uploader ကို Install လုပ်ပြီး ဓာတ်ပုံများကို upload လုပ်ခြင်းသည်လည်း အခြားရွေးချယ်စရာ နည်းလမ်းတစ်ခုဖြစ်ပါသည်။ ယင်း app ကို www.photos.google.com/apps မှနေ၍ ရရှိနိုင်ပါသည်။
ယင်းဝန်ဆောင်မှုကိုသုံးရန် သက်ဆိုင်ရာ device နှင့် folder ကိုရွေးချယ်ပြီး Google photos ၏ sync လုပ်ဆောင်မှုကို လုပ်ဆောင်ပေးရန် စေခိုင်းနိုင်သည်။ Google Photos Backup ကိုပထမဆုံးအကြိမ် run သည့်အခါ Camera storage cards ၊ Desktop ၊ My pictures တို့ရှိ box များကို အမှန်ခြစ်ပေါ်အောင် လုပ်ပေးထားရပါမည်။ မိမိ backup လုပ်လိုသော folder များကို ပေါင်းထည့်နိုင်ရန် add button တစ်ခုကိုလည်း ထည့်သွင်းပေးထားပါသည်။ Google photos page ၏ အောက်ဘက်သို့ ဆက်ဆင်းသွားလျှင် မိမိ၏ဓာတ်ပုံများအား high သို့မဟုတ် original quality ဖြင့် upload တင်မည်ကို ရွေးချယ်နိုင်သည့် ရွေးချယ်ပိုင်ခွင့်ကို တွေ့ရပါမည်။

Google Drive ထဲမှဓာတ်ပုံများကို Google Photos မှနေ၍ ကြည့်နိုင်သည်။
Googel Drive နှင့် Google Photos သည် သီးခြား tools များဖြစ်သည်။ သို့သော်နေရာအပိုကုန်ကျမှုမရှိစေဘဲ မိမိ၏ဓာတ်ပုံများကို ယင်းနေရာ နှစ်ခုစလုံး၌ သိမ်းဆည်းနိုင်သည်။ ယင်းသို့ လုပ်ရန်ဦးစွာ Google Drive setting ကို ဖွင့်ပါ။ Automatically put your google photos into a folder in My Drice ဟူသော စာသားဘေးရှိ box တွင် အမှန်ခြစ်ပေါ်အောင်လုပ်ပါ။ မိမိ၏ဓာတ်ပုံများကို ရိုက်ကူးခဲ့သည့်အချိန်ကာလအလိုက် စီပေးပြီး နံပါတ်စဉ် ထိုးကာ သိမ်းဆည်းပေးပါမည်။ သို့တည်းမဟုတ် Drive Desktop app ကို download ဆွဲချပြီး install လုပ်ကာ အသုံးပြုလျှင်လည်း စမတ်ဖုန်းထဲမှ ဓာတ်ပုံများကို PC ရှိ ဓာတ်ပုံများနှင့် sync လုပ်နိုင်ပါမည်။

တစ်ချက်ပွတ်ဆွဲရုံနှင့် Multiple image ကို ရွေးချယ်နိုင်သည်။
စမတ်ဖုန်း ဒါမှမဟုတ် တက်ဘလက်ပေါ်မှနေ၍ Googel Photos time line ကိုကြည့်သည့်အခါ လက်နှစ် ချောင်းဖြင့် screen ပေါ်၌ အစုအချဲလုပ်ပြီး Page တစ်ခုပေါ်မည့် ဓာတ်ပုံအရေအတွက်ကို ပြောင်းနိုင်ပါသည်။ Photos application သည် လက်ဖြင့် တစ်ချက်ပွတ်ဆွဲပြီး multiple image ကို ရွေးရန်အခွင့်အရေးပေး ထားပါသည်။ ထိုကဲ့သို့လုပ်ရန်အတွက် Thumbnail တစ်ခုပေါ်မှာ တစ်ချက်ခေါက်ပြီး အပြာရောင် status bar ပေါ်သည်အထိ ဖိထားလိုက်ပါ။ bar ပေါ်လာပြီဆိုလျှင် ဓာတ်ပုံများရှေ့ဘက်သို့သွားသည့် လားရာအတိုင်း လက်ကိုပွတ်ဆွဲပြီးရွှေ့ပါ။ မိမိရွေးလိုသည့်ဓာတ်ပုံတွေ့ရသည်အထိ ပွတ်ဆွဲပါ။ status bar ၌ မိမိရွေးထားသော ဓာတ်ပုံပမာဏကို ဖော်ပြနေပါမည်။ ဓာတ်ပုံတို့ကို အသေးစိတ်ကွက်ပြီး ထပ်မံရွေးချယ်လိုလျှင် လက်ဖြင့် ထောက်ပြီး တစ်ပုံချင်းရွေးပါ။ delete သို့မဟုတ် share အတွက် ပေးထားသော shortcut button ကိုလည်း သုံးနိုင်ပါသည်။

ဓာတ်ပုံများကို screen ကြီးကြီး ရုပ်မြင်သံကြားစက်ပေါ်တွင်ပြနိုင်သည်။
Chromecast ၀ယ်ထားမည်ဟုဆိုလျှင် Google photos app သည် မိမိ၏ ဓာတ်ပုံ library တစ်လုံးကို အရွယ်အစားကြီးသော ရုပ်မြင်သံကြားစက် screen ပေါ်တွင် ပြခွင့်ပြုပါသည်။ ယင်းစွမ်းဆောင်ချက်ကို အသုံးချနိုင်ရန်အတွက် Google photos app ကို ဖွင့်ပါ။ Chromecast icon တွင် တစ်ချက်ခေါက်ပြီး Chromecast ကိုရွေးပါ။ ဓာတ်ပုံ (သို့မဟုတ်) ဗီဒီယိုဖိုင် တစ်ခုခုကိုဖွင့်လိုက်သည့်အခါ ယင်းကို screnn ကြီးသော ရုပ်မြင်သံကြားစက်ပေါ်တွင် ပြပေးပါမည်။ ဓာတ်ပုံတစ်ပုံခြင်းပြောင်းပြီးကြည့်လိုလျှင် မိမိ၏ library ထဲမှ ဓာတ်ပုံများကို လက်ဖြင့်ပွတ်ပြီး ရွှေ့သွားရပါမည်။ ဓာတ်ပုံများကို screen ကြီးကြီးပေါ်တွင် မကြည့်လိုတော့ဟုဆိုပါက Chromecast button ကို ထပ်နှိပ်ပါ။ ပြီးလျှင် disconnect ကိုရွေးပါ။

ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com