မိုဘိုင်းဖုန်းတစ်လုံးမှာ Feature အစုံပါဝင်တဲ့အခါ အနည်းနဲ့
အများတော့ ဈေးကြီးနေတတ်ပါတယ်။ ဒါကြောင့် သူများတွေလို Feature
အစုံတွေပါဝင်တဲ့ မိုဘိုင်းဖုန်းတွေသုံးချင်ပေမဲ့ ဈေးနှုန်းက
နည်းနည်းများနေတော့ အဆင်မပြေပါဘူး။ ဒါတွေကို အဆင်ပြေစေဖို့အတွက် Xiaomi က
Feature အစုံသုံးနိုင်ပြီး ဈေးနှုန်းသက်သာစေမဲ့
မိုဘိုင်းဖုန်းအမျိုးအစားနှစ်မျိုးဖြစ်တဲ့ Redmi 3S နဲ့ 3X တို့ကို
ထုတ်လုပ်ပေးလိုက်ပါတယ်။
Red 3S နဲ့ 3X တို့ဟာ Xiaomi ရဲ့ ဈေးနှုန်းသက်သာတဲ့ Android ဖုန်းအမျိုးအစားတွေဖြစ်ပြီး Finger Print စင်ဆာပါ ပါဝင်လာခဲ့ပါတယ်။ Xiaomi 3S ရဲက RAM ဟာ 2GB သို့မဟုတ် 3GB ပါဝင်လာနိုင်ပြီး၊ ဒေတာ သိုလှောင် သိမ်းဆည်းနိုင်မဲ့ ပမာဏကတော့ 16GB သို့မဟုတ် 32GB တစ်မျိုးမျိုးနဲ့ ပေါင်းစပ်ဖွဲ့ဆည်းထားမှာဖြစ်ပါတယ်။ ဒါ့အပြင်နောက်ထပ် 128GB အထိထပ်တိုးအသုံးပြုနိုင်မှာဖြစ်ပါတယ်။
မျက်နှာပြင် အကျယ်ကတော့ ၅လက်မအရွယ်ရှိပြီး 720 pixel နဲ့ အရည်အသွေးတွေနဲ့ ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ကင်မရာအရည်အသွေးတွေကတော့ အတွင်းဘက်ကင်မရာကို 5 megapixel နဲ့ အပြင်ဘက် ကင်မရာကတော့ 13 megapixel တို့ဖြင့် ပေါင်းစပ်ပါဝင်လာမှာဖြစ်ပါတယ်။ Processor အနေနဲ့ 430 octa-core processor ကို အသုံးပြုထားမှာဖြစ်ပါတယ်။
Xiaomi ဟာ Memory space များတဲ့ 3S ဖုန်းကိုတော့ ၁၀၆ ဒေါ်လာနဲ့ ရောင်းချမှာဖြစ်ပြီး Memory Space များတဲ့ 3S ဖုန်းကိုတော့ ၁၃၆ ဒေါ်လာနဲ့ ရောင်းချမှဖြစ်ပါတယ်။ 3S နဲ့ 3X တို့ရဲ့ ကွာခြားချက်ကတော့ 3S ဟာ Memory 2GB နဲ့ ဒေတာ သိမ်းဆည်းမှု ပမာဏ 32GB တို့ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားတဲ့ အမျိုးအစားတစ်မျိုးတည်းကိုသာ ထုတ်လုပ်မှာဖြစ်ပြီး ဈေးနှုန်း ၁၃၆ ဒေါ်လာနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။
Ref: the verge
Aung Ko Htet (MMA)
#aungkohtet_mma

www.pyaephyo.com