6/01/2016

♪ Facebook နှင့် ချွတ်စွပ်တူသော လူမှုရေးမီဒီယာ တစ်ခုကို မြောက်ကိုရီးယားဖန်တီး ♫


မြောက်ကိုရီးယားသည် Facebook နှင့် ဆင်တူသော လူမှုရေးမီဒီယာတစ်ခုကို ဖန်တီးခဲ့ကြောင်း သိရသည်။
ထိုဝက်ဘ်ဆိုက်ကို ပြီးခဲ့သည့်အပတ်တွင် အင်တာနက်စီမံခန့်ခွဲမှု ကုမ္ပဏီ Dyn ကသတိပြုမိခဲ့ကာ www.starcon.net.kpဝက်ဘ်ဆိုက်ကို screen shot ဖြင့် မှတ်တမ်းတင်ခဲ့သည်။

သို့သော်လည်း Dyn က ၎င်းဝက်ဘ်ဆိုက်ကို ထုတ်ဖော်ပြသပြီး ရက်အနည်းငယ်အကြာတွင် ဝက်ဘ်ဆိုက်မှာ တိုက်ခိုက်ခံခဲ့ရပြီး အသုံးပြု၍ မရတော့ပေ။

အဆိုပါ ဝက်ဘ်ဆိုက်ကို ဖန်တီးရသည်မှာ လွယ်ကူလှသည်။ မြောက်ကိုရီးယားနိုင်ငံသားတစ်ဦးက phpDolphin လူမှုရေးကွန်ရက်အခြေခံ၍ ဖန်တီးထားဖွယ်ရှိပြီး install ပြုလုပ်ထားသူက default username နှင့် password ကို ပြောင်းလဲရန် မေ့သွားဖွယ်ရှိသည်။ ထို့ကြောင့် စကော့လူမျိုး @mckeany က default username နှင့် password ဖြစ်သည့် "admin" နှင့် "password" ထည့်သွင်းခြင်းဖြင့် အဆိုပါဆိုက်ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားသည် တိုးချဲ့လျှို့ဝှက်ရဲအဖွဲ့တစ်ခုကို ဖွဲ့စည်းထားပြီး နိုင်ငံသားများနှင့် ပတ်သက်သမျှ အားလုံးကို သိရှိလျက်ရှိသည်။ မြောက်ကိုရီးယားအာဏာပိုင်များအနေဖြင့် နိုင်ငံတွင်း လူမှုရေးမီဒီယာတစ်ခု ရှိရန် လိုအပ်ကြောင်း ခံစားရခြင်း သို့မဟုတ် လူမှုရေးမီဒီယာများ၏ ငွေကြေးရရှိမှုကို သတိပြုမိခြင်းကြောင့် အဆိုပါ ဝက်ဘ်ဆိုက်ကို ဖန်တီးခဲ့ဖွယ်ရှိသည်။

Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com