6/08/2016

♪ Blizzard ဂိမ်းတွေကို Facebook ပေါ်မှာ Live-Stream လွှင့်နိုင်တော့မည် ♫


နာမည်ကျော် ဗီဒီယိုဂိမ်းကုမ္ပဏီဖြစ်တဲ့ Activision Blizzard နဲ့ Facebook တို့ ပူးပေါင်းကာ Blizzard ရဲ့ နာမည်ကျော် PC ဂိမ်းတစ်ချို့ကို Facebook ပေါ်မှာ Live-Stream လွှင့်နိုင်ဖို့ လုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Blizzard ရဲ့ PC ဂိမ်းတစ်ချို့မှာ Facebook login နဲ့ live-stream feature တွေကို ထည့်ပေးသွားမှာဖြစ်ပြီး၊ မိမိ Facebook အကောင့်နဲ့ Log-in ၀င်ရောက်ကာ Facebook ပေါ်က Blizzard ဂိမ်မာသူငယ်ချင်းတွေနဲ့ ဂိမ်းအတူကစားတာတွေပါ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Facebook Live-Stream ကနေတဆင့် မိမိဂိမ်းကစားနေတာကို Facebook ပေါ် တိုက်ရိုက်ထုတ်လွှင့်သွားနိုင်မှာဖြစ်ပြီး၊ Facebook သူငယ်ချင်းတွေက တိုက်ရိုက်ကြည့်ရင်း၊ အချိန်နဲ့တပြေးညီ comment ပေးတာတွေ လုပ်ဆောင်သွားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ယခုလို Blizzard နဲ့ ပူးပေါင်းမှုဟာ Amazon က ပိုင်ဆိုင်တဲ့ ဗီဒီယိုဂိမ်း streaming ၀န်ဆောင်မှု Twitch ကို စိန်ခေါ်ဖို့နဲ့၊ ရေပန်းစားလာတဲ့ eSports နယ်ပယ်မှာ နေရာတစ်နေရာရယူဖို့ Facebook ရဲ့ ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။

နာမည်ကျော် E-Sports ဂိမ်းတစ်ခုဖြစ်တဲ့ League of Legends မှာ Facebook Log-in ၀င်ရောက်နိုင်တဲ့ feature ကို မနှစ်ကတည်းက ရရှိခဲ့တာဖြစ်ပြီး၊ Blizzard က အခုမှထည့်သွင်းတာဖြစ်ပါတယ်။

Blizzard ရဲ့ နောက်ဆုံးထွက်ဂိမ်းတစ်ခုဖြစ်တဲ့ Overwatch မှာ ယခု Facebook Live-Stream ကို စတင်ရရှိသွားမှာဖြစ်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com