6/21/2016

♪ Asus ZenPad Z8 နဲ့ iPad Mini 4 ကိုနှိုင်းယှဉ်ကြည့်ခြင်း ♫

Asus ဟာ လက်ရှိမှာ သူတို့ရဲ့ နောက်ဆုံးအဓိက ထုတ်ကုန်သစ် တက်ဘလက်ဖြစ်တဲ့ ZenPad Z8 ကို ထုတ်လုပ်ခဲ့ပါတယ်။ Verizon Wireless ကို ထုတ်လုပ်ဖြန့်ချိပြီး နောက်ပိုင်းမှာ Asus ZenPad Z8 ဟာနောက်ဆုံးအနေနဲ့ iPad Mini 4 လိုမျိုး မယုံနိုင်စရာ လုပ်ဆောင်ချက်တွေ ပါဝင်လာခဲ့ပါတယ်။ ဒါကြောင့် Asus ရဲ့ ZenPad Z8 Tablet ကို Apple ရဲ့ iPad Mini 4 နဲ့ နှိုင်းယှဉ်ကြည့်လိုက်ပါတယ်။

အပြင်ပိုင်း
အပြင်ဘက် ဒီဇိုင်းပိုင်းကိုကြည့်မယ်ဆိုရင်တော့ Asus ZenPad Z8 ဟာ ၇.၉လက်မအရွယ်ရှိတဲ့ QXGA IPS Display ကိုတပ်ဆင်ထားပြီး 2048 x 1536 Pixels ရုပ်ထွက်ရှိမှာပါ။ ကင်မရာတွေအနေနဲ့ 8 Megapixel ရှိတဲ့ ကျောဘက်ကင်မရာ၊ 2-Megapixel ရှိတဲ့ ရှေ့မျက်နှာကင်မရာကို တပ်ဆင်ထားပါတယ်။
အမြှင့်အနေနဲ့ ၈.၀၈လက်မ၊ အကျယ် ၅.၃၇လက်မရှိပြီး ၀.၃၀ လက်မသာအထူရှိပါတယ်။ ဝိတ်ကတော့ ၃၂၀ ဂရမ် သာရှိလို့ ပေါ့ပါးတယ်လို့ ဆိုနိုင်ပါတယ်။
asus-zanpad-z8-1
Apple ရဲ့ iPad Mini 4 နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် iPad မှာ ၇.၉လက်မအရွယ် LED backlit Multi-Touch display ကို တပ်ဆင်ထားပြီး ZenPad နဲ့ တူညီတဲ့ Resolution ဖြစ်တဲ့ 2042 x 1536 Pixels ရှိတဲ့ ရုပ်ထွက်ကို ထုတ်လုပ်ပေးမှာပါ။ ကျောဘက်ကင်မရာ 8-Megapixel နဲ့ ရှေ့မျက်နှာကင်မရာ 1.2-Megapixel ရှိပါတယ်။ အောက်ဘက်ပိုင်းမှာ Built-in အနေနဲ့ပါဝင်တဲ့ စတူရီယိုစပီကာနှစ်လုံးကို တပ်ဆင်ထားပါတယ်။
iPad Mini 4 ဟာ အတိုင်းအတာအနေနဲ့ အမြှင့် ၈လက်မ၊ အကျယ် ၅.၃လက်မ နဲ့ ၀.၂၄လက်မ အထူရှိပြီး အလေးချိန်ကတော့ သာမန် Wi-Fi မော်ဒယ်အတွက်၂၉၅ ဂရမ်နဲ့ Wi-Fi + Cellular မော်ဒယ်အတွက် ၃၀၅ ဂရမ် လောက်သာ အလေးချိန်ရှိပါတယ်။

အတွင်းပိုင်း

Asus ရဲ့ ZenPad Z8 ဟာ six-core Snapdragon 650 Processor နဲ့ 2 GB RAM တို့ကို ထည့်သွင်းထားပါတယ်။ တက်ဘလက်ကို နောက်ဆုံးထွက် Android ဗားရှင်းဖြစ်တဲ့ Android 6.0 Marshmallow OS စနစ်ကို ထောက်ပံ့ပေးထားပြီး 4650 mAh ရှိတဲ့ ဘက်ထရီကို ထည့်သွင်းထားပါတယ်။ ဘက်ထရီအားသွင်းဖို့နဲ့ USB ချိတ်ဆက်ဖို့အတွက် USB Type-C အပေါက်ပါဝင်ပါဝင်ပါတယ်။
ZenPad Z8 မှာ Internal Storage အနေနဲ့ 16 GB ပါဝင်ပြီး 128 GB ထိ SD ကတ်ကို ထည့်သွင်းနိုင်မှာပါ။
ipad-mini4-1
iPad mini 4 မှာတော့ အတွင်းတည်ဆောက်ပုံတွေအနေနဲ့ 1.5 GHz A8 chipset ကို 2 GB ရှိတဲ့ RAM နဲ့ ထည့်သွင်း ပြုလုပ်ထားပါတယ်။ iOS 9 ကို OS စနစ်အနေနဲ့ အသုံးပြုထားပြီး iOS 10 ကို အဆင့်မြှင့်တင်နိုင်ပါတယ်။
ဘက်ထရီအနေနဲ့ သတင်းတွေအရ 5124 mAh ဘက်ထရီပါဝင်တာကြောင့် သာမန်သုံးစွဲမှုအတိုင်းဆို ၁၀နာရီကြာ အသုံးခံပြီး Wi-Fi + Cellular တွေပါ အသုံးပြုမယ်ဆိုရင်တော့ ၉နာရီလောက်အထိ အသုံးခံမှာဖြစ်ပါတယ်။ Storage တွေကိုတော့ 16 GB, 64 GB နဲ့ 128 GB ဆိုပြီး သုံးမျိုးရွေးချယ်နိုင်မှာပါ။

သုံးသပ်ချက်

အပြင်ပိုင်းမှာဆိုရင် ပစ္စည်းနှစ်မျိုးစလုံးဟာ အလေးချိန်၊ အထူ စတာတွေက အနည်းငယ် ကွဲပြားပါတယ်။ iPad Mini 4 ကတော့ ပိုမိုပေါ့ပါး၊ ပါးလွှာတဲ့ ကိုယ်ထည်ရှိပါတယ်။ အတွင်းပိုင်းမှာဆိုရင်တော့ Android နဲ့ iOS မို့လို့ အနည်းငယ်တော့ နှိုင်းယှဉ်ရခက်ပါတယ်။
ဈေးနှုန်းပိုင်းမှာဆိုရင်တော့ Asus ZenPad Z8 ဟာ ဒေါ်လာ ၂၅၀ နီးပါးရှိပြီး iPad Mini 4 ဟာဆိုရင်တော့ ဒေါ်လာ ၃၉၉ ကနေစပြီး Storage အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားသွားလို့ Asus ရဲ့ Tablet ကပိုမိုသက်သာတာကို တွေ့ရမှာပါ။ အဲ့ဒီအပြင် တကယ်လို့ Apple ရဲ့ iPad Mini 4 ဟာ Cellular ဒေတာ (ဖုန်းကတ်) ပါဝင်တဲ့ Mode ဆိုရင် ဒေါ်လာ ၅၂၉အထိ မြှင့်တက်သွားမှာ ဖြစ်ပေမယ့် Asus တက်ဘလက်ကတော့ ကွဲပြားမှုမရှိပါဘူး။
ဒါကြောင့် တန်ဖိုးသင့်တင့်ပြီး စွမ်းဆောင်ရည် ကောင်းမွန်တဲ့ တက်ဘလက် တစ်မျိုးဖြစ်တဲ့ Asus ZenPad Z8 အကြောင်းကို ရေးသားတင်ပြလိုက်ရပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com