6/13/2016

♪ “Asus က Laptop, Tablet နှစ်မျိုးသုံး Transformer 3 Pro ကိုမိတ်ဆက်” ♫


Asus က ထိုင်ဝမ်မှာကျင်းပနေတဲ့ Computexနည်းပညာပြပွဲမှာလက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Transformer 3 Pro ကိုမိတ်ဆက်လိုက်ပါတယ်။ ကီးဘုတ် အရှင်ဖြစ်ပါတယ်။ ကမ္ဘာ့ အကောင်းဆုံးစွယ်စုံသုံး ပီစီလို့ Asus က ပြောပါတယ်။ ရွှေနဲ့ အညိုရောင်များရွေးချယ်နိုင်ပါတယ်။

၈.၃၅ မီလီမီတာ အထူရှိပြီးအလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားပါတယ်။ ၈၀၀ ဂရမ် အလေးချိန်ပါတယ်။ တန်ဖိုးအကြီးဆုံးမော်ဒယ်မှာ Intel Core i7 Processor ထည့်သွင်းထားပါတယ်။ 1TB SSD Storage, 16GB RAM ပါရှိပါတယ်။ ၁၂.၆ လက်မ 2880x1920 Pixels Display တပ်ဆင်ထားပြီးတစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၂၇၅ ဖြစ်ပါတယ်။ စပီကာများရဲ့ အသံစွမ်းရည်ဟာ Microsoft Surface ထက် ၄ ဆ ပိုမိုကျယ်လောင်ပါတယ်။ ဒေတာကူးပြောင်း ခြင်းနဲ့ အားသွင်းခြင်းများ ပြုလုပ်ရင် အလွန်လျင်မြန်တဲ့ USB Type-C Connector ပါရှိပါတယ်။ တစ်စက္ကန့်လျှင် 10Gb နှုန်းဖြင့် ဒေတာများ ကူးပြောင်းနိုင်ပါတယ်။

Thunderbolt 3 Connector က တစ်စက္ကန့်လျှင် 40Gb နှုန်းဖြင့် ဒေတာများ ကူးပြောင်းနိုင်ပါတယ်။ HDMI , USB 3.0 Port များလည်းပါပါတယ်။ ဒီထက်ပိုမိုပြီး Ports များကိုအလိုရှိရင် USB-C 3.1, USB 3.0, HDMI, VGA, RJ45 LANများပါတဲ့ Universal Keyboard ကိုလည်း Asus က ထုတ်လုပ်ပေးထားပါတယ်။ 3 in 1 SD Card Reader လည်းပါ ပါတယ်။ Pro Model မှာ ဒစ်ဂျစ်တယ် ဘောပင်ပါပါတယ်။

Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com