6/06/2016

♪ " တစ်ရက်လုံး ဘက်ထရီအသုံးခံမည့် Aero 14 gaming laptop အား Gigabyte ထုတ်လုပ် " ♫


Gigabyte သည် နယူးဇီလန်ရှိ website တွင် ၎င်းတို့၏ Aero 14 gaming laptop အား စတင်ပြသခဲ့ပြီး Computex တွင် ပြသမည့်ရက်စွဲထက် အနည်းငယ်ကြိုစောနေခဲ့သည်။ စိတ်ဝင်စားဖွယ်ကောင်းအောင် တည်ဆောက်ထားပြီး သယ်ယူရန်လွယ်ကူစေရုံသာမက တစ်နေကုန်အသုံးခံသည့် ဘက်ထရီလည်း ထည့်သွင်းထားကြောင်း သိရသည်။

၁၄ လက်မ laptop ဖြစ်ကာ QHD 2560×1440 IPS Wide View Angle AntiGlare Display LCD ကို သုံးစွဲထားသည်။ အဓိကအားဖြင့် Intel ၏ 6th Generation Corei7 6700 HQ (2.6-3.5 GHz) CPU အား သုံးစွဲပေးထားပြီး ဂရပ်ဖစ်အနေဖြင့် Nvidia GeForce GTX 970M GDDR5 3GB (သို့) GTX 965M GDDR5 2GB အား ရွေးချယ်ပေးထားသည်။

မလိုအပ်သောအချိန်တွင် Intel HD Graphic 530 ကို ပြောင်းလဲသုံးနိုင်ရန်အတွက်လည်း Nvidia Optimus tech ပါဝင်သည်။ Gigabyte Acro 14 တွင် DDR4 2133 RAM 8 GB (သို့) 16GB ပါဝင်နိုင်ကာ slot ၂ ခုတွင် RAM 32GB ထိ အမြင့်ဆုံးထည့်သွင်းနိုင်ကြောင်း သိရသည်။ Macrokeys နှင့် auto-adjusting ပါဝင်သော back lit ကီးဘုတ်သည် ဂိမ်းကစားသူများအား ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်သည်။

USB 3.1 (Type C) အပြင် USB 3.0 ports ၃ ခု၊ HDMI 2.0, Mini DP, SD card reader, WiFi 802.11 ac, Bluetooth 4.1 စသည်တို့ပါဝင်ခဲ့သည်။ အသံအတွက်လည်း ဂရုစိုက်ထားပြီး 1.5W စပီကာတစ်စုံပါဝင်ကာ Dolby Digital Plus Home Theatre Sound စနစ်ကို ထောက်ပံ့ပေးထားသည်။ 94.24Wh ရှိ ဘက်ထရီပါဝင်ကာ တစ်ရက်လုံး အသုံးခံမည်ဟုဆိုခဲ့သည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com