မကြာသေးမီက 6GB RAM စမတ်ဖုန်းကို မိတ်ဆက်ပေးခဲ့သော LeEco သည် 8GB RAM
ပါဝင်သည့် ထုတ်ကုန်သစ်တစ်မျိုးကို ဖန်တီးနေကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။
လက်ရှိ 6GB ဖုန်းများတွင် Snapdragon 820 ကို အသုံးပြုထားသော်လည်း ၎င်းထုတ်ကုန်သစ်တွင် Snapdragon 823 ကို အသုံးပြုမည်ဟုဆိုသည်။
ထို့အပြင် ၎င်းတွင် 25-megapixel ကင်မရာပါဝင်ပြီး ကျောဘက်တွင် လက်ဗွေဖတ်စနစ်ပါဝင်ကာ တန်ဖိုးမှာ ယွမ် ၃,၀၀၀ (၄၅၅ ဒေါ်လာ) ဖြစ်ကြောင်း သိရသည်။

www.pyaephyo.com