6/01/2016

♪ “5020mAh Battery ပါတဲ့ Marathon M5 ကို India မှာ ရောင်းချ” ♫


Gionee က Marathon M5 ကို အိန္ဒိယမှာ ရောင်းချပေးလိုက်ပါတယ်။ Mediatek MT6753 SoC ထည့်သွင်းထားပါတယ်။ ၆ လက်မ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ အရွယ်ကြီးမားတဲ့ 5020mAh Battery တပ်ဆင် ထားတဲ့အတွက် ဘက်ထရီသက်တမ်းအလွန်ကောင်းမွန်ပါတယ်။

Marathon M5 ကို တရုတ်မှာ လွန်ခဲ့တဲ့ ၅ လက ရောင်းချပေးခဲ့တာပါ။ အိန္ဒိယမှာ မြေပြင်အရောင်းဆိုင်များမှာသာမက အွန်လိုင်းကနေပါ ၀ယ်ယူနိုင်ပါ တယ်။ Flipkart မှာ ရူပီး ၂၆ ၉၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာ ၄၀၀ ခန့် တန်ကြေးရှိပါတယ်။

ရှမ်ပိန် ရွှေရောင်ကိုလည်း ရွေးချယ်နိုင်ပါတယ်။ Gionee India မှ စီအီးအိုဖြစ်သူ Arvind Vohra က အိန္ဒိယမှာ Marathon M5 ကို ရောင်းချပေးရတာ အလွန် စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ပြောပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com