Price » 849,000 Ks
Contact Phone » 01-385177 (KMD Mobile)
Specification
» Network : 2G, 3G, 4G (Nano-SIM)
» Weight : 154 g
» Display : 5.2", IPS LCD capacitive touchscreen
» Dimensions : 146 x 72 x 7.3 mm
» Memory : 32GB, 3GB RAM, microSD, up to 200GB
» Camera : 23 Megapixel, Front : 5.1 MP, autofocus, LED flash, face detection, HDR, panorama
» Connectivity : GPRS, EDGE, WLAN, Bluetooth, USB
» Chipset : Qualcomm MSM8994 Snapdragon 810 CPU : Quad-core 1.5GHz Cortex-A53
» OS : Android OS, v5.1.1 (Lollipop)
High-end စမတ်ဖုန်းတစ်လုံးလို့ဆိုလိုက်တာနဲ့ အားလုံးမျှော်လင့်နေကြတဲ့အတိုင်း အကောင်းဆုံး အချက်တွေ အများစုပါဝင်နေမှာဖြစ်တဲ့ Sony ရဲ့ flagship Xperia Z5 အကြောင်းကို ပြောပြချင်ပါတယ်။ Full HD display အံ့မခန်းစွမ်းဆောင်ရည်နဲ့ 23MP ကင်မရာတို့အပြင် ရေစိုဒဏ်ခံနိုင်တဲ့ ဒီဇိုင်းတို့နဲ့ ပြည့်စုံနေတာကြောင့် ၂၀၁၅ အတွက် အကောင်းဆုံးစမတ်ဖုန်းစာရင်းမှာ ပါဝင်နေပါလိမ့်မယ်။ Sony Xperia Z5 ဟာ အရင်ထွက်ရှိပြီးသား Z3 နဲ့ အချက်အားလုံးနီးပါးတူညီနေပေမယ့်လည်း တန်ဖိုးအရတော့ လက်ရှိမှာ Sony ရဲ့ ဈေးနှုန်းအမြင့်ဆုံးဖုန်းတစ်လုံး ဖြစ်နေပါတယ်။ Samsung နဲ့ LG တို့ရဲ့ flagships တွေလိုတော့ Ultra high-definition display ကို Z5 မှာတော့ တွေ့ရမှာမဟုတ်ပါဘူး။
ရှေ့မျက်နှာပြင်နဲ့ ကျောဘက်အတွက် ဖန်သားကိုဆက်လက်အသုံးပြုထားပြီး Sony ရဲ့ စမတ်ဖုန်းဆိုတာ မြင်တာနဲ့သိနိုင်အောင် သတ္တုဘေးဘောင်တွေနဲ့ လေးထောင့်ကျကျ တည်ဆောက်ထား ပါတယ်။ Z5 ရဲ့ကျောပြင်မှာ အရင် Model တွေလို ချောမွေ့ပြောင်လက်နေကာ အထဲကိုထိုးဖောက် မြင်နိုင်ခြင်းမရှိတဲ့ ဖန်သားအထူကို သုံးပေးထားပါတယ်။ သတ္တုဘေးထောင့်တွေဟာ ကွေးညွတ်ထားခြင်းမရှိဘဲ လက်ထဲမှာ လေးထောင့်ကျကျ ကိုင်တွယ်နိုင်အောင် ခပ်ပြားပြားလေး ဖန်တီးပေးထားပါတယ်။ Z5 ရဲ့ 7.3mm အထူကြောင့် အခြားပြိုင်ဘက်စမတ်ဖုန်းတွေလိုတော့ ပါးလွှာမနေဘဲ အနည်းငယ်ထူပြီး အလေးချိန်ကတော့ 154 g ဖြစ်ပါတယ်။
Z5 ရဲ့ ထူးခြားချက်တစ်ခုက ဖုန်းရဲ့ပါဝါခလုတ်ပဲ ဖြစ်ပါတယ်။ Sony ရဲ့ ၀ိုင်းစက်စက်ခလုတ်ကို Z5 အတွက် ဖယ်ရှားခဲ့ပြီး ပြားချပ်ချပ်ရှည်လျားတဲ့ခလုတ်ပုံစံနဲ့ အစားထိုးတပ်ဆင်ပေးခဲ့ပါတယ်။ ဒီဇိုင်းအရပဲ ခလုတ် ပုံသဏ္ဌာန်ကို ပြောင်းလဲရုံသာမက Power Button ဟာ fingerprint ဖတ်နိုင်တဲ့ function ကိုလည်း ဆောင်ရွက်ပေးပါတယ်။ Sony ရဲ့ fingerprint scanner ထည့်သွင်းပေးထားတဲ့ ပထမဆုံးစမတ်ဖုန်းအဖြစ် Xperia Z5 ကို လွယ်ကူတဲ့ပုံစံနဲ့ သက်သောင့်သက်သာ သုံးနိုင်ပါတယ်။ Z5 မှာလည်း အရင်ထွက် ရှိပြီးသား Z series ဖုန်းတွေအတိုင်း IP68 အဆင့်ရှိတဲ့ waterproofing feature ပါဝင်နေပြီး ရေအနက် ၁ မီတာမှာ မိနစ် ၃၀ ကြာ ရေစိုဒဏ်ခံနိုင်ရည် ရှိပါတယ်။ ရေစိုဒဏ်ခံနိုင်တဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ Z3 နဲ့ Z2 တို့လိုတော့ under-water အတွက် Z5 ကိုတော့ Sony က သိပ်အားမပေးဘဲ Z5 ရဲ့ waterproofing ဟာ မိုးရွာထဲမှာ ဖုန်းခေါ်ဆိုဖို့နဲ့ မတော်တဆ ရေဖိတ်ကျတာမျိုးအတွက်ပဲ ဒီဇိုင်းဆင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
Xperia Z3 ရဲ့ Display နဲ့ ထပ်တူညီတဲ့ ၅.၂ လက်မအရွယ် Display ကို full HD ချင်းလည်း ဆင်တူတဲ့ ရုပ်ထွက်အရည်အသွေးရှိပြီး Pixel သိပ်သည်းဆပမာဏလည်း အတူတူပဲ ဖြစ်ပါတယ်။ Triluminos Display feature ကြောင့် အရောင်အသွေးစုံလင်ပြီး ကြည်လင်ပြတ်သားနေပါတယ်။ Z5 ဟာ Android OS 5.1.1 (Lollipop) on board နဲ့ ထွက်ရှိလာပြီး Google ရဲ့ နောက်ဆုံးပေါ် Software version ကို မြှင့်တင်ဖို့တော့ မျှော်လင့်နိုင်ပါတယ်။ Z5 ရဲ့ စွမ်းဆောင်ရည်အတွက် Qualcomm Snapdragon 810 Octa-core processor က မြန်နှုန်းမြင့် ဆောင်ရွက်ပေးပြီး 3GB RAM နဲ့လည်း ပံ့ပိုးပေးထားပါတယ်။ Z5 ရဲ့ လုပ်ငန်းတွေ ချောချောမွေ့မွေ့ run နိုင်ဖို့ စွမ်းအားအမြင့်ဆုံး chip တစ်ခုဆိုတာ သေချာပြီး အပူချိန် လွန်ကဲမှုတော့ အနည်းနဲ့အများ ကြုံတွေ့နိုင်ပါတယ်။
Z3 ထက် ပိုမိုကောင်းမွန်အောင် Sony ဟာ Z5 ရဲ့ ကင်မရာကို 23MP resolution အထိ တိုးမြှင့်ပေးထားပါတယ်။ LED flash မီးပါဝင်ပြီး HDR, Panorama တွေ ရိုက်ကူးနိုင်ပါတယ်။ 4K ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပြီး ရှေ့ဘက်ကင်မရာဟာလည်း Z3 ရဲ့ 2.2MP ထက် အရည်အသွေးမြင့်မားလာတဲ့ 5.1MP ဖြစ်ပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 32GB ပါရှိပြီး လိုအပ်ခဲ့ရင် microSD နဲ့ 200GB ထိ တိုးမြှင့်နိုင်ပါတယ်။ ထပ်မံမြှင့်တင်နိုင်တဲ့ 200GB ပမာဏဟာ 4K ဗီဒီယို သိုလှောင်သိမ်းဆည်းချင်သူတွေ အတွက် ရည်ရွယ်ထားတာ ဖြစ်ပါလိမ့်မယ်။ NFC, Wi-Fi, Bluetooth စတဲ့ ချိတ်ဆက်မှုတွေ ပါဝင်ပြီး 4G ကွန်ရက်ထိ သုံးစွဲနိုင်ပါတယ်။ အားသွင်းချိန်မြန်ဆန်ပြီး မိနစ် ၃၀ အားသွင်းရုံနဲ့ ၆၀ ရာခိုင်နှုန်း အားပြန်ဖြည့်ပေးနိုင်ပါတယ်။
* Battery Life *
Z3 ရဲ့ 3100mAh ဘက်ထရီထက် အနည်းငယ်လျော့နည်းတဲ့ 2900mAh ဘက်ထရီနဲ့ Z5 မှာ တပ်ဆင်ထားပြီး အားသွင်းချိန်မြန်ဆန်အောင် Quick Charge 2.0 သုံးထားပါတယ်။ Li-Ion 2900mAh ဘက်ထရီဟာ ဖြုတ်/တပ်လို့မရတဲ့ ဘက်ထရီအမျိုးအစား ဖြစ်ပါတယ်။
* Design *
Z5 ရဲ့ ဒီဇိုင်းကို သေတ္တာတစ်လုံးလို လေးထောင့်ပုံစံနဲ့ ထွက်ရှိလာပြီး ခမ်းနားတဲ့အပြင်အဆင်နဲ့ သတ္တုဘေးဘောင်တို့ကို ပေးစွမ်းနိုင်တာကြောင့် ဖန်သားပြင်ကျောဘက်ဟာ ချောမွေ့ပြောင်လက်နေပါတယ်။ Z series ဖုန်းတွေ ဒီဇိုင်းအတိုင်း ကွာခြားချက် ကြီးကြီးမားမား မတွေ့ရဘဲ ညာဘက်ဘေးက Power ခလုတ်ရဲ့ဒီဇိုင်းနဲ့ နေရာထားသိုမှုကတော့ အနည်းငယ် ပြောင်းလဲသွားပါတယ်။
* Processor *
Xperia Z5 မှာ Qualcomm ရဲ့ အကောင်းဆုံး Snapdragon 810 processor နဲ့ စွမ်းဆောင်ရည်ကို အစွမ်းကုန် မြှင့်တင်ပေးပြီး ဂရပ်ဖစ် Adreno 430 နဲ့ Adreno 430 တို့ကို ရေရှည်အတွက် လုံလုံလောက်လောက်ဖြစ်အောင် ထည့်သွင်းပေးထားပါတယ်။
* Display and Camera *
၅.၂ လက်မအရွယ်အစားရှိပြီး IPS LCD Display အမျိုးအစားဖြစ်ပါတယ်။ 1080 x 1920 pixels full HD ရုပ်ထွက်အရည်အသွေးရှိပါတယ်။ ကျောဘက်မှာ ပင်မကင်မရာဟာ 23MP အရည်အသွေးရှိပြီး LED flash ကိုပါ သုံးနိုင်ပါတယ်။ 4K ဗီဒီယိုတွေ ရိုက်နိုင်ပြီး 5.1MP ကင်မရာကို selfie ရိုက်ဖို့အတွက် ရှေ့ဘက်မှာ ထည့်သွင်းထားပါတယ်။
* Verdict *
Sony Xperia Z5 ဟာ လက်ရှိမှာ Sony ရဲ့ အကောင်းဆုံးစမတ်ဖုန်းတစ်လုံးဖြစ်ပြီး အရင် Z3 အတိုင်း Design, Display, Processor တို့ မပြောင်းလဲပေမယ့် ကင်မရာစွမ်းဆောင်ရည် ပိုမိုအားကောင်း လာတာကြောင့် ဈေးနှုန်းပိုင်းမှာလည်း Z3 ထက် မြင့်မားလာပါတယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။