11/16/2015

♪ “ Huawei G7 Plus အားတရားဝင်ကြေညာ “ ♫


Huawei ၏ G line စမတ်ဖုန်းများတွင် ဖုန်းတစ်လုံးတိုးလာခဲ့ပြီး G7 Plus အားတရားဝင်ကြေညာ ခဲ့ပြီးဖြစ်သည်။ G7 Plus သည် ယမန်နှစ်ကထုတ်လုပ်ခဲ့သော Ascend G7 ၏နောက်မျိုးဆက်သစ်ဖြစ်ပြီး တိုးတက်မှုများစွာ တွေ့ကြရသည်။

Huawei G7 Plus တွင် ၅.၅ လက်မ 1080p display ပါဝင်ပြီး 2.5D Gorilla Glass ဖင့်ဖုံးအုပ်ကာကွယ်ပေးထားသည်။ 13MP ကင်မရာနှင့် dual-tone LED Flash ပါဝင်ကာ ရှေ့ဘက်တွင် 5MP ကင်မရာဖြစ်ပါတယ်။ Qualcomm ၏ Snapdragon 615 chipset အားသုံးထားပြီး 1.5GHz မြန်နှုန်းရှိ octa-core CPU ဖြစ်ကာ 3GB RAM ဖြင့် ထောက်ပံ့မှုပေးထားသည်။ သိုလှောင်နိုင်စွမ်း 32GB နှင့် ထပ်မံ တိုးမြှင့်ခွင့်ရှိပြီး 4G LTE network ထိသုံးနိုင်ကာ dual-SIM အမျိုးအစားဖုန်းဖြစ်ပြီး 3000mAh ဘတ္ထရီကို သုံးစွဲပေးထားသည်။

Android 5.1 ကိုသုံးထားပြီး Huawei ၏ EMUI 3.1 ကို သုံးစွဲ၍အားဖြည့်ထားသည်။ 152.5 x 76.5 x 7.5 mm အရွယ်အစားရှိကာ 167g လေးပြီး ၉၀% အားသတ္ထုဖြင့် ဖန်တီးထားကာ အင်တာနာ နေရာအချို့ အတွက်သာ ပလတ်စတစ်ပါဝင်ခဲ့သည်။ 

ကျောဘက်ကင်မရာအောက်တွင် လက်ဗွေဖတ်နိုင်သော Fingerprint scanner ပါဝင်သည်။ G7 Plus အား 2016 ဖေဖော်ဝါရီတွင် Android 6.0 Marshmallow သို့ မြှင့်တင်ပေးမည်ဟုဆိုထားသည်။ ရွှေ၊ ငွေနှင့် မီးခိုးသုံး ရောင်ရှိမည်ဖြစ်ပြီး မကြာမီနိုင်ငံစုံ၌ မြင်ကြရရန် မျှော်မှန်းထားသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com