မြန်မာ
နိုင်ငံနှင့် တရုတ်နိုင်ငံ၏ သတင်းနှင့် လူနေမှုဘဝ အကြောင်းများအား
တရုတ်ဘာသာဖြင့် တင်ဆက်လျက်ရှိသော MM-e-Life၊ WeChat app နှင့် OPPO Myanmar
တို့ပူးပေါင်း၍ အလှဆုံး ဝန်ထမ်းပျိုမေ အွန်လိုင်းဓာတ်ပုံပြိုင်ပွဲ
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရ သည်။
"ပြည်တွင်းက WeChat app အသုံးပြုတွေ ပါဝင်ယှဉ်ပြိုင်နိုင်မယ့် အွန်လိုင်းဂိမ်းပြိုင်ပွဲတစ်ခုပါ။ လှပချောမောတဲ့ မြန်မာအမျိုးသမီး ဝန်ထမ်းများကို အဓိက ရည်ရွယ်ထားပါတယ်။ WeChat App ပေါ်က MM-e-life ဆိုတဲ့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ သတင်းနဲ့ လူနေမှုဘ၀တွေကို တရုတ်ဘာသာနဲ့ တင်ဆက်ဖော်ပြနေတဲ့ စာမျက်နှာတစ်ခု ပြုလုပ်တဲ့ ဒီပြိုင်ပွဲကို OPPO Myanmar က အဓိကပံပိုးသူအဖြစ်ပါဝင်ထား တာပါ" ဟု OPPO Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့်သူများ အနေဖြင့် WeChat App ၏ MM-e-life စာမျက်နှာကို Follow ပြုလုပ်၍ Chat box မှတစ်ဆင့် အမည်၊ ဖုန်းနံပါတ်၊ ကုမ္ပဏီ အမည်၊ ဝါသနာ၊ ကြိုက်နှစ်သက်သည့် အရာတစ်ခု၊ ကိုယ်လုံးပြည့် အလှဓာတ်ပုံတစ်ပုံနှင့် ကိုယ်တစ်ပိုင်း အလှပုံတစ်ပုံတို့ကို ပေးပို့ရမည်ဖြစ်ပြီး ပြိုင်ပွဲကာလ မှာ ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၁၁ ရက်နေ့ထိ သတ်မှတ်ထားကြောင်း သိရသည်။ ဆုကြေးအနေဖြင့် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိများကို ဆုငွေကျပ် ၆ သိန်း၊ ၄ သိန်း၊ ၂ သိန်းနှင့် OPPO Neo 7 စမတ်ဖုန်းတစ်လုံးစီ ချီးမြှင့်ပေးမည် ဖြစ်ပြီး ပြိုင်ပွဲတွင် စကာတင် ဝင်ရောက်သည့်သူများအား လည်း ငွေကျပ်တစ်သောင်း တန်ဖုန်းငွေဖြည့်ကတ်များကို ပေးအပ်သွားမည်ဖြစ်သည်။
ပြိုင်ပွဲ၏ ဆုရလဒ်များကို ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ကြေငြာပေး သွားမည် ဖြစ်ကြောင်းသိရသည်။

Credit to ==> Internet Journal