ဖုန်းများကိုစွမ်းရည်အသစ်များ၊စနစ်အသစ်များဖြင့် အသုံးပြုနိုင်စေရန်
ဆန်းသစ်တီထွင်မှုများပြုလုပ်ခဲ့ ကြပါတယ်။ ထိုသို့ပြုလုပ်ကြတဲ့အထဲတွင်
ဖုန်းအဖွင့်အပိတ်စနစ်များကို ခလုတ်အားအသုံးမပြုရဘဲအခြား စနစ်များဖြင့်
ဖွင့်ပိတ်နိုင်အောင် ဆောင်ရွက်ခြင်းများလည်းပါဝင်ပါတယ်။ နည်းစနစ်တွေ
ထဲကတစ်ခု ကတော့ လက်ဗွေရာစနစ်သုံးပြီး ဖုန်းကိုဖွင့်ခြင်းဖြစ်ပါတယ်။
ထိုစနစ်ဟာ မိမိဖုန်းအားအခြားသူများ အလွယ်တကူ ၀င်ရောက် အသုံးပြု ခြင်းမှ
ကာကွယ်ပေးနိုင်ပါတယ်။ လက်ဗွေရာစနစ်အသုံးပြုခြင်း များ
ခေတ်စားလာသည့်အခါထိပ်တန်းစမတ်ဖုန်းများတွင် ထိုစွမ်းရည်ကို
ထည့်သွင်းလာခဲ့ကြ ပါတယ်။ ဈေးကွက်ထဲမှာ နာမည်ရှိသော AOTO တံဆိပ်
သည်လည်းမိမိလက်ဗွေရာဖြင့် Lock ဖွင့်လို့ရသော Success V1 ကို တီထွင်
ရောင်းချလာ ခဲ့ပါတယ်။ မည်သည့်ဆင်းကတ်နှင့်မဆို အသုံးပြုနိုင်မှာဖြစ်ပြီး၊
network အထောက်အပံ့အနေဖြင့် GSM/ WCDMA သုံးစွဲနိုင်မှာဖြစ်ကာ
ဆင်းကတ်နှစ်ခုထည့်သွင်းလို့ရပါမယ်။ Android Version ကတော့ 4.4.2 KitKat
ဖြစ်ပါတယ်။
Back camera သည် 8MP စွမ်းရည်ရှိပြီး၊ Front camera သည် 5MP ပါရှိ တာကြောင့် ကြည်လင်ပြတ်သားသည့် ရုပ်ထွက်ရရှိနိုင်ကာ Video call သုံးစွဲရာတွင်လည်း ရုပ်ထွက်ကောင်းမွန်စေပါသည်။ Flash alert အချက်ပြမီး များကိုလည်း Phone ၏ System Setting အတွင်း၌ Buildin ထည့်ထား ပါတယ်။ System Setting အတွင်းရှိ Gesture Sensing အနေဖြင့် Gallery, Music, Camera များကို အသုံးပြုနိုင်ပါတယ်။ AGPS Light Sensor, Proximity Sensor, E-Compass Sensor များ ပါဝင်ပါတယ်။
ထည့်သွင်း ပေးထားသော CPU အမျိုးအစားကတော့ Quad-core 1.7GHz ဖြစ်ပါတယ်။ ဖုန်းအသုံးပြုသည့် အခါတွင် ကောင်းမွန်သော တုံ့ပြန်မှု ရရှိပါမယ်။ မြန်မာ ဖောင့်များပါရှိသည့်အတွက်လည်း မြန်မာစာ ကီးဘုတ်များကို အဆင်သင့် အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။
<Specification>
Network - GSM/WCDMA
Screen - 5.5 inches
Memory - 16GB
Bluetooth - Yes
OS - Android OS, v4.4.2
Camera - 8 MP
Contact - 09-450505050
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal