9/02/2015

♪ Android Phones များတွင် Pre-Installed Apps များ နည်းပါးလာမည် ♫

http://i-cdn.phonearena.com/images/article/53851-image/Samsung-Galaxy-S5-apps-leak-on-XDA-a-month-ahead-of-the-phones-launch.jpg

Android Phones များတွင် Bloatware ဟု ခေါ်သည့် ကြိုတင်ထည့်သွင်းထားသော Apps များကို လျှော့ချပေးတော့မည် ဖြစ်သည်။ Google က သူ၏ Apps များကြိုတင်ထည့်သွင်းရန် တောင်းဆို ချက်ကို လျှော့ချပေးတော့မည် ဖြစ်ပြီး Google Plus, Google Play Games, Google Play Books, Google Newsstand တို့ကို ကြိုတင်ထည့်သွင်းပေးတော့မည်မဟုတ်ဟု Android Central က ရေးသား ထားပါသည်။ ဥပမာအားဖြင့် Samsung Galaxy Note 5 တွင် Google Plus ထည့်သွင်းထားခြင်းမရှိပါ။

Android သည် Open Source ဖြစ်သော်လည်း Google က သူ၏ Apps များကို ကြိုတင်ထည့်သွင်းရန် Handset ထုတ်လုပ်သူများကို တောင်းဆိုထားခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် HTC က Gmail App ပါသော Android Handset ထုတ်လုပ်ချင်လျှင် Google Plus နှင့် Newsstand Apps များကိုလည်း ထည့်သွင်းပေးရပါသည်။

Bloatware များသည် Storage Space နှင့် Memory ကို စားသုံးသည်သာမက ဟန်းဆက် ၀ယ်ယူသူများကလည်း Pre-Installed Apps များကို ရွေးချယ်ခွင့်မရှိပါ။ Google မှ Bloatware များ နည်းပါးသွားမည် ဖြစ်သော်လည်း Carriers များနှင့် စမတ်ဖုန်း ထုတ်လုပ်သူများက ထည့်သွင်းချင်သော သူတို့၏ Apps များကို ဆက်လက်ထည့်သွင်းဦးမည် ဖြစ်သည်။ Google Plus နှင့် Newsstand တို့ကို Google Play မှနေ၍ ဆက်လက်ရယူနိုင်မည် ဖြစ်သည်။


Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com