9/01/2015

♪ “Android Phone အသုံးပြုမှုကိုပိုမိုကောင်းမွန်စေမယ့် TouchWiz စွမ်းဆောင်ချက် ၁၆ ခု” ♫


Samsung က Galaxy S6 နဲ့ Galaxy S6 Edge တို့ကိုနောက်ဆုံးထုတ် TouchWizနဲ့ အတူမိတ်ဆက်ခဲ့ပါတယ်။ အဲဒီအတွက် TouchWiz နောက်ဆုံး ဗားရှင်းရဲ့ Interface နဲ့ စွမ်းဆောင်ချက်တွေကိုလေ့လာဖို့လိုအပ်ပါတယ်။ Samsung က ဒီဗားရှင်းမှာဘာတွေကိုဖယ်ရှားလိုက် သလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ TouchWizမှာ အသုံးဝင်မှုနည်းပါးပြီး Operating System ရဲ့ လုပ်ငန်းကိုထိခိုက်စေတဲ့ အစိတ်အပိုင်းတွေများစွာ ဟာအရင်ကတည်းကပါရှိလာ ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Samsung ဟာနေ့စဉ် Android Phone အသုံးပြုမှုကို ပိုမိုကောင်းမွန်စေမယ့် ပြင်ဆင် မွမ်းမံမှုတွေကိုသုံးစွဲသူအကြိုက်ပြုလုပ်ပေးနိုင်ခဲ့ပါပြီ။ Galaxy Note 4 , Note Edge တို့မှာထည့်သွင်းပေးထားတဲ့ Android Lollipop အခြေပြု TouchWiz နောက်ဆုံး Version ကို ဝေဖန်သုံးသပ်မှာ ဖြစ်ပါတယ်။


<1. Multi Window>
Android အခြေပြု User Interface မှာ Multi Window စွမ်းဆောင်ချက်ကို ပံ့ပိုးပေးထားတဲ့ စမတ်ဖုန်းထုတ်လုပ်သူအနည်းငယ် ရှိပါတယ်။ ဒါပေမယ့် Samsung ရဲ့ TouchWiz က အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ Multi Window စွမ်းဆောင်ချက်ဟာ App နှစ်ခုကို Screenနှစ်ခု ခွဲပြီးတစ်ပြိုင်နက် အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ Floating Window Mode အနေနဲ့ ဆိုရင် App ငါးခုအထိအသုံးပြုနိုင်ပါတယ်။ Multi-Tasking ပြုလုပ်ဖို့ အဆင်ပြေစေပါ တယ်။

 

<2. One Handed Mode>
၅.၅ လက်မအရွယ် မျက်နှာပြင်ဖုန်းတွေအတွက် အလွန်အရေးပါတဲ့ စွမ်းဆောင်ချက်ဖြစ်ပါတယ်။ စမတ်ဖုန်းထုတ်လုပ်သူများကသူတို့ကိုယ်ပိုင် One Handed Mode စွမ်းဆောင်ချက်တွေကိုတီထွင် ထားကြပါတယ်။ Samsung ကလည်းTouchWizမှာအဲဒီစွမ်းဆောင်ချက်ကိုထည့်သွင်း ထားပါတယ်။ Vanilla Android လို့လည်းခေါ်ကြတဲ့ Stock Android ထည့်သွင်းထားတဲ့ Phabletများမှာတော့ အဲဒီစွမ်းဆောင်ချက်ကို အသုံးပြု လို့မရပါဘူး။


<3.heart emoticon. Call Minimizing>
စမတ်ဖုန်းတွေဟာအိတ်ဆောင် ဒိုင်ယာရီနဲ့ မှတ်စုမှတ်သားစရာတွေ ဖြစ်လာ ပါပြီ။ ဖုန်းပြောနေစဉ်မှာသတင်းအချက်အလက်တွေ မှတ်သားရမယ့် အခြေ အနေမျိုးတွေလည်း ကြုံရတတ်ပါတယ်။ Stock Android Handset မှာ Home ကို နှိပ်ရင် Notification Tray မှာ Call Status ကိုဖွက်ထားပေးမှာ ဖြစ်ပြီးTouchWizမှာတော့ Call Screen ကို Minimize လုပ်ပေးထားမှာ ဖြစ်ပြီး အချိန်မရွေး Full Window အနေနဲ့ ပြန်လည်ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ Note Edge မှာတော့ Edge Panel လို့ ခေါ်တဲ့ ဘေးဘက်မျက်နှာပြင်ငယ်လေးမှာ Call Status ကို ပြသပေးထားမှာ ဖြစ်တဲ့အတွက် Hang Up လုပ်ဖို့အတွက် မျက်နှာပြင်ကြီးမှ Call Screen ကို ပြန်သွားစရာမလိုတော့ပါဘူး။


<4. App Drawer Sorting>
Stock Android က App Drawer မှာ Apps များကိုအက္ခရာစဉ်အလိုက် စီပေး ထားမှာ ဖြစ်ပါတယ်။ တကယ်ကိုသေသပ်ပြီးရိုးရှင်းပါတယ်။ TouchWiz ကလည်း Default အားဖြင့် အဲဒီလိုလုပ်ပေးနိုင်တဲ့အပြင် Customize လုပ်နိုင် တဲ့ Options များစွာကိုထပ်ဖြည့်ပေးထားပါတယ်။ အဲဒါတွေထဲမှာ မိမိ စိတ်ကြိုက် Sorting ပြုလုပ်ခြင်း၊ Folderများမှာ Apps များထည့်သွင်းခြင်း (Home Screen မှာ ပြုလုပ် သလိုမျိုးဖြစ်ပါတယ်။) ၊ Downloaded Apps များကိုသာ ကြည့်ရှုခြင်းတို့ ပါဝင်ပါတယ်။


<5. App Hiding>
System Apps များ၊ အသုံးပြုမှုနည်းပါးတဲ့ Apps များနဲ့ လုံခြုံရေးအရ ဖွက်ထားချင်တဲ့ Apps များကို App Drawer ကနေဖွက်ထားချင်တဲ့ အခြေအနေမျိုးတွေ တစ်ခါတလေမှာရှိတတ်ပါတယ်။ TouchWizမှာ ဒီလိုပြုလုပ်ရတာရိုးရှင်းလွယ်ကူပါတယ်။ ဒါပေမယ့် ဖွက်ထားတဲ့ Apps များကိုလွယ်ကူစွာ ကြည့်ရှုနိုင်တာကိုသတိပြုပါ။ ဒီစွမ်းဆောင်ချက် ဟာ အခြားလူများကသင့်ဖုန်းကိုရုတ်တရက်ကြည့်တဲ့ အခြေအနေမျိုးနဲ့ App Drawer ကိုရှင်းလင်းချင်တဲ့ အခြေအနေမျိုးမှာသင့်တော်ပါတယ်။


<6. Quick Toggles Tray ကိုလွယ်ကူစွာဖွင့်နိုင်ခြင်း>
Stock Android မှာ Notification Tray ကိုအောက်ဆွဲချပြီးနောက် Quick Toggles များကိုအသုံးပြုဖို့ နောက်တစ်ချက်ထပ်နှိပ်ရပါတယ်။
(လက်နှစ်ချောင်းနဲ့ အောက်ကိုပွတ်ဆွဲနိုင်ပေမယ့် အသုံးပြုရတာ သက်တောင့်သက်သာမရှိပါဘူး။) TouchWizမှာ Tray ကိုအောက်ဆွဲချလိုက် တာနဲ့ သင် အသုံးပြုမှုအများဆုံး Quick Toggles များနဲ့ Brightness Slider ကိုတွေ့နိုင်ပါတယ်။


<7. Quick Toggles များကို Customize ပြုလုပ်ခြင်း>
TouchWizမှာသင် အသုံးပြုမှု အများဆုံး Quick Toggles များကိုရွေးချယ် ထားနိုင်သလိုအစီအစဉ်ကိုလည်း နှစ်သက်သလိုပြောင်းရွှေ့နိုင်ပါတယ်။

<8. Recent Apps များအားလုံးကိုပိတ်ခြင်း>
နောက်ကွယ်မှာ Run နေတဲ့ Apps များကိုပိတ်ပြီး RAM နေရာလွတ်များ ရရှိအောင် ပြုလုပ်စရာမလိုပါဘူး။ RAM နေရာလွတ်မရှိတော့ရင် Android က အလိုအလျောက် Apps များကိုပိတ်ပေးမှာပါ။ Apps များကိုကိုယ်တိုင် ပိတ်ခြင်းအားဖြင့် အဲဒီ App ကို ပြန်ဖွင့်တဲ့အခါမှာ နှေးကွေးနေမှာ ဖြစ်ပါ တယ်။ နောက် ကွယ်မှာ Apps များ Run နေခြင်းဟာအဲဒီ Apps များကို လျင်မြန်စွာနဲ့ ပြန်အသုံးပြုခွင့်ရရှိစေ မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါ တလေမှာ Recent Apps Menu ကိုရှင်းလင်းချင်တဲ့ အခြေအနေမျိုးတွေ ဖြစ်တတ်ပါတယ်။ TouchWizမှာခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ ကတ်များ အားလုံးကို ပိတ်ပေးနိုင်ပါတယ်။ Vanilla Android မှာတော့ တစ်ခုချင်းစီကို ပိတ်ရမှာ ဖြစ်ပါတယ်။

<9. Calculator History>
Calculator လိုရိုးရှင်းတဲ့ App တစ်ခုဟာဒီထက်ပိုပြီး အသုံးဝင်မယ်လို့ ထင်ကြ မှာမဟုတ်ပါဘူး။ Samsung ကတော့ အလွန်အသုံးဝင်တဲ့ History ဆိုတဲ့ သေသပ်ရိုးရှင်းတဲ့ စွမ်းဆောင်ချက်ကိုထည့်သွင်းပေး ထားပါတယ်။ ဂဏန်း တွေကိုရေးမှတ်ဖို့ မေ့သွားခဲ့ရင် တွက်ချက်ထားတာတွေ အားလုံးကိုပြန်ကြည့်နိုင်ပါ တယ်။ App ကိုပိတ်မိရင်လည်းနောက်ဆုံးရလဒ်တွေကို ပြန်လည် ကြည့်ရှုနိုင်ပါတယ်။

<10. File Manager>
Stock Android မှာကောင်းမွန်တဲ့ File Manager မပါရှိပါဘူး။ Play Store မှာ File Manager Appsများစွာရှိပြီး နှစ်သက်ရာကိုရွေးချယ် အသုံးပြုနိုင်ပါတယ်။ Samsung ကလည်းအခြားစမတ်ဖုန်းထုတ်လုပ်သူတွေလိုပဲကိုယ်ပိုင် File Manager ကိုTouchWizမှာထည့်သွင်းပေးထားပြီးအလွန်ကောင်းမွန်ပါတယ်။

<11. Volume Slider ကိုလွယ်ကူစွာအသုံးပြုနိုင်ခြင်း>
Android System မှာ Ringer, Media Playback, Alarms တို့အတွက် Volumes ကိုသီးခြားစီထိန်းချုပ်ဖို့ ပြုလုပ်ပေးထားပါတယ်။ Samsung ကတော့ အဲဒါအပြင် System Sound တွေကိုပါ ထိန်းချုပ်နိုင်တဲ့ Slider တစ်ခုကိုထည့်သွင်းပေးထားပြီး Controls လေးခုစလုံးကို လွယ်ကူစွာ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ Stock Android မှာတော့ Settings> Sounds & Notifications ထဲသွားရပေမယ့် TouchWizမှာဆိုရင် Volume ခလုတ်ကို နှိပ်ရင် ပေါ်လာတဲ့ Volume Slider ရဲ့ ဘေးဘက်မှ Gear ခလုတ်ကို နှိပ်ရုံ ပါပဲ။

<12. Power Saving Modes>
ဘက်ထရီကိုသက်သာစေတဲ့ စွမ်းဆောင်ချက်ကလည်းအရေးကြီးပါတယ်။ စမတ်ဖုန်းထုတ်လုပ်သူများစွာက သူတို့ကိုယ်ပိုင် Power Saving Modes တွေကိုဖန်တီးထားကြပြီး Samsung က Power Saving ( CPUအသုံးပြု မှုကိုလျှော့ချခြင်း၊ Screen ကိုမှောင်မဲစေခြင်း၊ အဖြူ၊ အနက်ဖြင့် ပြသခြင်း စသည်တို့ ဖြစ် ပါတယ်။ ) နဲ့ Ultra Power Saving ( Apps နဲ့စွမ်းဆောင်ချက် အနည်းငယ်ကိုသာ အသုံးပြုစေခြင်း ဖြစ်ပါတယ်။ ) ဆိုပြီး နှစ်မျိုးဖန်တီး ပေးထားပါတယ်။ Stock Android မှာတော့ ဒီလို Modes တွေ မပါရှိပါဘူး။

<13. Power Button Menu>
Vanilla Android Lollipop မှာ Power Button ကိုဖိထားရင် ဖုန်းကိုပိတ်ဖို့ ရွေးချယ်မှုတစ်ခုပဲရရှိမှာပါ။ TouchWizမှာဒီလိုလုပ်ရင် Airplane Mode, Samsung Emergency Mode, Restart, Turn Off စတာတွေကို လျင်မြန် စွာအသုံးပြုနိုင်မယ့် Menu တစ်ခုကို ပြသမှာ ဖြစ်ပါတယ်။

<14. Call/Text ပြုလုပ်ဖို့ ပွတ်ဆွဲပါ>
TouchWizမှာ Contact တစ်ယောက်ရဲ့ နာမည်ကိုပွတ်ဆွဲခြင်းဖြင့် ဖုန်းခေါ် ခြင်း၊ စာပို့ခြင်းတို့ကို လျင်မြန်စွာ ပြုလုပ်နိုင်ပါတယ်။ Call Log / Contact List မှ နှစ်သက်ရာနံပါတ်ကိုရှာပြီးဖုန်းခေါ်ဖို့ ညာဘက်ကိုပွတ်ဆွဲပါ။ စာပို့ဖို့ ဘယ်ဘက်ကိုပွတ်ဆွဲပါ။ အလွယ်လမ်းကို နှစ်သက်သူများအတွက် အဆင်ပြေ စေတဲ့ စွမ်းဆောင်ချက်ကောင်းတစ်ခုပါ။

<15. Text Selection (S-Pen)>
Android မှာစာသားတွေကို Select လုပ်ရတာအခက်တွေ့နေတုန်းပါပဲ။ iOSမှာလည်းဒီအတိုင်းပါပဲ။ Android အခြေပြု စနစ်တွေမှာ စကားလုံး တစ်ခုကို နှိပ်ပြီးဖိထားရင် အဲဒီစကားလုံးကို Select လုပ်ပေးမှာ ဖြစ်ပါတယ်။ နောက်ပြီးစကားလုံးရဲ့ အစွန်းတစ်ဖက်စီမှာ Marker တစ်ခုစီကို ပြသပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Marker တစ်ခုစီကိုဖိဆွဲပြီး နှစ်သက် သလောက် စကားစုများကိုရွေးချယ်နိုင်ပါတယ်။ Lollipop မှာတော့ Marker နှစ်ခုကိုသေးငယ်အောင် ပြုလုပ်ထားလို့ ဒီနည်းလမ်းကအဆင်မပြေပါဘူး။ Note 4 နဲ့ Note Edge မှာပါတဲ့ S-Pen က စာသားတွေကိုကော်ပီလုပ်ဖို့ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတစ်ခုကိုမိတ်ဆက်ခဲ့ပါတယ်။ Stylus မှ ခလုတ် ကိုဖိထားပြီး Select လုပ်ချင်တဲ့ စာသားတွေအပေါ်ကိုဖိဆွဲလိုက်ရုံပါပဲ။

<16. Keyboard(MM)>
ဒါကတော့နောက်ဆုံးထွက်လာမယ့်Note 5မှာသုံးလာမယ့်ဘာသာ စကား ပုံစံဖြစ်ပါတယ်။Unicode (သို့) Zawgyiနှစ်မျိုးလုံးသုံးနိုင်မှာဖြစ်ပြီးFont တွေကိုမှန်ကန်စွာသုံးနိုင်ဖို့အတွက်တော့setting ထဲမှာသွားရောက် သတ်မှတ် ပေးရမှာဖြစ်ပါတယ်။လုပ်ဆောင်ရမယ့်နည်းလမ်းကတော့ Language and input ထဲကို ၀င်ရောက်လိုက်ပါ။ Language ဆိုတဲ့နေရာမှာ မြန်မာ (Unicode)။မြန်မာ (Zawgyi) ကြိုက်တာရွေး ချယ်ပေးလိုက်ပါ။ ဒီနေရာမှာ ပြောင်းလဲ လိုက်တဲ့အတွက်ကြောင့်ဖုန်းရဲ့setting, icon တွေမှာဖော်ပြမယ့် ဘာသာ စကား လည်းပြောင်းလဲသွားပါလိမ့်မယ်။မက်ဆေ့ခ်ျပို့တာ၊စာသား နုတ်များ မှတ်သားလိုသူတွေ အတွက်တော့ ကီးဘုတ်ဘာသာစကားမှာ သွားရောက်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ ဒါမှသာစာရိုက်တဲ့ အခါမှာမိမိ လိုအပ်တဲ့language နဲ့ရိုက်လို့ရစေမှာပါ။Samsung keyboard ဆိုတဲ့နေရာ မှာရှိတဲ့Select Input Language ဆိုတဲ့နေရာမှာLanguage (၄) မျိုးထိ ထည့်သွင်းသတ်မှတ်ထားနိုင် မှာဖြစ်ပြီး၊ မြန်မာ (Unicode) ။မြန်မာ(Zawgyi) တို့ကိုရွေးချယ်သတ်မှတ်ခဲ့ မယ်ဆိုရင်keyboard သုံးတဲ့အချိန်မှာ အသာလေး ပွတ်ဆွဲလိုက်ရုံနဲ့ပြောင်းလဲပေးမှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Credit to ==> Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com