4/06/2015

♪ Windows 10 ကို Pirated Older Version များအတွက် အခမဲ့ အဆင့်မြှင့်ခွင့်ပေးမည် ♫

1

Microsoft က Pirated Version များအပါအ၀င် Older Version များအတွက် Windows 10 ကို အခမဲ့ အဆင့်မြှင့်ခွင့်ပေးမည်ဟု ကြေညာပါသည်။ Microsoft ၏ ကြေညာမှုအပြီးတွင် ထွက်ပေါ်လာသော အခြား သတင်းများအရ Windows 10 ကို အဆင့်မြှင့်ခွင့်ရသည့် Non Genuine ပီစီများသည် Genuine ဖြစ်လာမည်ဟု သိရပါသည်။

ယခုအခါ Microsoft ၏ နောက်ထပ် တရားဝင်ကြေညာချက်အရ Non Genuine ပီစီများတွင် အခမဲ့ အဆင့်မြှင့်ပေးမည် ဖြစ်သော်လည်း Non Genuine အနေဖြင့်သာ ဆက်လက်တည်ရှိနေမည် ဖြစ်သည်ဟု သိရပါသည်။ Microsoft က Windows 10 အဆင့်မြှင့်ထားသော Non Genuine ပီစီများကို Support ပေးမည်မဟုတ်ဟု ဖြည့်စွက်ပြောပါသည်။

Microsoft က Non Genuine PC များအတွက် Security Update များကို ဖြန့်ချီပေးမည်မဟုတ်ဘဲ အချိန်အတိုင်းအတာ တစ်ခုအတွင်းတွင် အဆိုပါ ပီစီများသည် Expire ဖြစ်မည်ဟု ကျွမ်းကျင်သူများက မှတ်ချက်ပြုပါသည်။

Microsoft ၏ ပြောရေးဆိုခွင့်ရှိသူက Consumer Free Upgrade ကို Windows 7 , Windows 8.1 , Windows Phone 8.1 မောင်းနှင်သော Device များအတွက် အခမဲ့ ဖြန့်ချီပေးမည်ဖြစ်ပြီး Windows 7 Enterprise, Windows 8/8.1 Enterprise , Windows RT/RT 8.1 ထည့်သွင်းထားသော Device များအတွက် အကျုံးမ၀င်ဟု ပြောပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com