4/02/2015

♪ Sony Z Series စမတ်ဖုန်းများအား အထူးလျှော့ဈေးဖြင့် ရောင်းချမည် ♫


Sony အမှတ်တံဆိပ် စမတ်ဖုန်းများအား မြန်မာနိုင်ငံသို့ တရားဝင် တင်သွင်းလျက်ရှိသည့် Alpha Technology & Communication ၏ သင်္ကြန်အထူးအစီအစဉ်အဖြစ် Sony အမှတ်တံဆိပ် ရေစိမ်ခံ Z Series ဖုန်းများအား အထူးလျှော့ဈေးများဖြင့် ရောင်းချမည့် ဈေးရောင်းပွဲတော် ကျင်းပပြုလုပ် မည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဈေးရောင်းပွဲတော်တွင် Sony ၏ ရေစိမ်ခံဖုန်းများဖြစ်သည့် Sony Xperia Z Series စမတ်ဖုန်းများကို တရားဝင်ရောင်းဈေးထက် ၂၀,၀၀၀ ကျပ် လျှော့ချကာ ရောင်းချပေးမည် ဖြစ်သည်။ ထို့အပြင် အဆိုပါ စမတ်ဖုန်းများ၏ Accessories များကိုလည်း ၅၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

ဈေးရောင်းပွဲတော်ကို ဧပြီလ ၃ ရက်မှ ၅ ရက်အထိ၊ နေ့စဉ် နံနက် ၁၁ နာရီမှ ည ၉ နာရီအတွင်း Sony Showroom (၁) အမှတ် ၂၄၄ င၊ ဗားကရားလမ်း၊ စမ်းချောင်းမြို့နယ်၊ Showroom (၂) အမှတ် ၁၉၊ ရန်ကုန်-အင်းစိန်လမ်းမ၊ ကမာရွတ်မြို့နယ်နှင့် Showroom (၃) အမှတ် ၆၉၊ အနော်ရထာလမ်း၊ လသာမြို့နယ်တို့တွင် ပြုလုပ်မည်ဖြစ်သည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com