4/06/2015

♪ Samsung Galaxy S6 Edge အား စမ်းသပ်အသုံးပြု မှာယူနိုင်မည် ♫


Samsung မှ အသစ်တင်သွင်း ရောင်းချမည့် မော်ဒယ်သစ် ဖုန်းအမျိုးအစား နှစ်ခုဖြစ်သော Samsung Galaxy S6 နှင့် S6 Edge တို့တွင် Galaxy S6 Edge အား ပထမဦးစွာ မှာယူနိုင်မည်ဖြစ်ပြီး ၎င်း S6 Edge အား ကြိုတင်မှာယူ စနစ်ဖြင့် မှာယူလို သူများအတွက် မှာယူခြင်း မပြုမီ စမ်းသပ် အသုံးပြုနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။

''Samsung ကနေ တင်သွင်းရောင်းချမယ့် Galaxy S6 နဲ့ S6 Edge နှစ်မျိုးမှာ ပထမဆုံးအနေနဲ့ S6 Edge ကိုပဲ ကြိုတင်မှာ ယူစနစ်နဲ့ မှာယူနိုင်အုံးမှာပါ။ S6 ကတော့ လက်တလော မှာယူလို့ မရသေးပါဘူး။ သင်္ကြန်အပြီး လောက်မှပဲ ပြည်တွင်းကို ရောက်ရှိနိုင်ပါလိမ့်မယ်'' ဟု Samsung မြန်မာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် Samsung Galaxy S6 Edge အား ကြိုတင်မှာယူ စနစ်ဖြင့် မှာယူနိုင်မည်ဖြစ်ပြီး ကြိုတင်မှာယူခြင်းအတွက် ဧပြီလ ၆ ရက်နေ့ထိ နီးစပ်ရာ Samsung Brand Shop များတွင် စရံငွေ ငါးသောင်း ပေးသွင်းကာ မှာယူနိုင်မည် ဖြစ်သည်။ ကြိုတင်မှာယူခြင်း မပြုမီစမ်းသပ် အသုံးပြုလို သူများ အနေဖြင့် ရန်ကုန်မြို့တွင် ပန်းဆိုးတန်း လမ်းမပေါ်ရှိ Samsung Showroom နှင့် လှည်းတန်း လမ်းမပေါ်ရှိ Samsung Showroom တို့တွင် စမ်းသပ်အသုံးပြု နိုင်ရန်အတွက် စီစဉ်ပေးထားပြီး မန္တလေးမြို့တွင် ၇၈ လမ်းရှိ Samsung Showroom တွင်စမ်းသပ် အသုံးပြုနိုင်ရန်အတွက် စီစဉ်ပေးထားကြောင်း သိရသည်။

Samsung မြန်မာမှ မတ်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ Junction Square တွင် Samsung Galaxy S6 နှင့် S6 Edge တို့အား မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပြီး ဈေးနှုန်းများအနေဖြင့် Samsung Galaxy S6 အား ကျပ် ၇၄၉,၀၀၀ ဖြင့်လည်းကောင်း Samsung Galaxy S6 Edge အား ကျပ် ၈၆၉,၀၀၀ ဖြင့် လည်းကောင်း ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com