4/07/2015

♪ Microsoft က ဖုန်းထုတ်လုပ်သူများနှင့် ပူးပေါင်း၍ သူ၏ Apps များကို Android တွင် ထည့်သွင်းမည် ♫

၂

Microsoft က Skype , OneDrive , OneNote, Word, Excel , PowerPoint စသည့် သူ၏ Apps များကို Android Phone များတွင် ယခုနှစ်နှောင်းပိုင်း၌ Preinstall ပြုလုပ်မည်ဟု ကြေညာပါသည်။ ထိုသို့ ပြုလုပ်ရန်အတွက် Dell , Samsung အပါအ၀င် ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီ (၁၁) ခုနှင့် သဘောတူညီမှု ရရှိပြီးပြီ ဖြစ်သည်။

Samsung, Dell တို့အပြင် ဒေသတွင်း ဖုန်းထုတ်လုပ်သူများဖြစ်သည့် ဂျာမနီမှ TrekStor , ပေါ်တူဂီမှ JP Sa Couto , အီတလီမှ Datamatic , ရုရှားမှ DEXP , ကနေဒါမှ Hipstreet, ပါကစ္စတန်မှ QMobile, အာဖရိကမှ Tecno, တူရကီမှ Casper တို့သည်လည်း Microsoft နှင့် ပူးပေါင်းမည် ဖြစ်သည်။

Samsung က Mobile World Congress တွင် OneNote, Skype, OneDrive တို့ကို Galaxy S6 နှင့် Galaxy S6 Edge တို့တွင် Preinstall ပြုလုပ်မည်ဟု ကြေညာခဲ့ပါသည်။ Samsung က ယခုနှစ် ပထမနှစ်ဝက်အတွင်းတွင် Android Tablet အချို့တွင် Microsoft App ခြောက်ခုကို ထည့်သွင်းရောင်းချ မည် ဖြစ်သည်။

Outlook App သည် Preview အဆင့်သာ ရှိသေးသဖြင့် Android Device များတွင် Preinstall ပြုလုပ် မည့် စာရင်းတွင် မပါရှိဟု သိရပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com