4/07/2015

♪ Facebook က Phone Calls များအတွက် Standalone App ကို စမ်းသပ်နေ ♫

1

Facebook က ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်နိုင် သကဲ့သို့ ဖုန်းဝင်လာလျှင်လည်း ခေါ်ဆိုသူ၏ သတင်းအချက် အလက်များကို ပြသနိုင်သည့် Voice-Calling App တစ်ခုကို စမ်းသပ်နေသည်ဟု Android Police ၏ ဓါတ်ပုံတစ်ခုအရ သိရပါသည်။

App ကို Phone ဟု အမည်ပေးထားပြီး Facebook Profiles များအပေါ် အခြေခံ၍ ဖုန်းခေါ်ဆိုသူ၏ သတင်းအချက်အလက်များကို ပြသမည်ဟု ယူဆရပါသည်။ Spam အဖြစ် သတ်မှတ်ထားသော ဖုန်းများ မှ ခေါ်ဆိုမှုများကိုလည်း အလိုအလျှောက် Block ပြုလုပ်ပေးမည် ဖြစ်သည်။ Facebook က App အသစ်များကို အသုံးပြုသူ အနည်းငယ်နှင့် စတင်စမ်းသပ်လေ့ရှိသော်လည်း Screenshot အရ “FB-Only” စာသားပါရှိသဖြင့် ကုမ္ပဏီအတွင်းတွင်သာ စမ်းသပ်နေခြင်း ဖြစ်နိုင်ပါသည်။

Facebook သည် Voice Calling စွမ်းဆောင်ချက်နှင့် ပတ်သက်၍ ယခင်ကတည်းက အတွေ့အကြုံရှိ ပါသည်။ ကုမ္ပဏီသည် လွန်ခဲ့သော နှစ်အနည်းငယ်က Messenger တွင် Voice Call ကို စတင် မိတ်ဆက်ပေးခဲ့ပြီး WhatsApp ( Android Version ) တွင်လည်း အဆိုပါ စွမ်းဆောင်ချက်ကို စမ်းသပ်နေ ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com