4/06/2015

♪ ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ပတ်သက်သည့် အရေးယူမှုများ ပြုလုပ်နိုင်ရန် အမေရိကန်သမ္မတ စီစဉ်နေ ♫


အမေရိကန်သမ္မတ ဘားရတ်အိုဘားမားသည် နိုင်ငံရပ်ခြားရှိ ဟက်ကာများကို အရေးယူနိုင်မည့် အစီအစဉ်တစ်ခု ဖန်တီးခွင့်ပြုပေးရန် ညွှန်ကြားထားကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ဖြင့်  အမေရိကန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် အမေရိကန်နိုင်ငံ၏ အခြေခံ အဆောက်အအုံနှင့် ပိုင်ဆိုင်မှုများကို ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်သည့် ဟက်ကာများကို အရေးယူသွားရန် စီစဉ်လျက်ရှိသည်။ ဆိုက်ဘာ တိုက်ခိုက်မှုများသည် နိုင်ငံ၏လုံခြုံရေးနှင့် စီးပွားရေးတို့ကို စိန်ခေါ်နေသည့် အရာတစ်ခုဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။ အိမ်ဖြူတော် အနေဖြင့် ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ပတ်သက်သည့် အရေးယူ ပိတ်ဆို့မှုအသစ်များကို ထုတ်ပြန်ကြေညာခြင်း မပြုဘဲ အာဏာပိုင်များက လိုအပ်သည်ဟု ယူဆသည့် အချိန်တွင် အရေးယူမှုများကိုသာ ပြုလုပ်သွား မည် ဖြစ်သည်။  ပြီးခဲ့သည့် ဇန်နဝါရီလက အမေရိကန်သည် Sony Pictures အား ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားကို အရေးယူပိတ်ဆို့မှု အသစ်များ ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အမေရိကန်သမ္မတ အိုဘားမားက ညွှန်ကြားခဲ့သည့် အစီအစဉ်သစ်သည် ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်သည့် ဟက်ကာများကို အရေးယူရန်အတွက် ဖန်တီးပေးထားခြင်း ဖြစ်သည်။ အဆိုပါ လုပ်ပိုင်ခွင့် အာဏာကို အမေရိကန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးအပြင် တရားစီရင် ရေးဌာန အကြီးအကဲနှင့် နိုင်ငံခြားရေး ဝန်ကြီးများသို့လည်း ပေးအပ်ထားသည်။

အမေရိကန်နိုင်ငံ၏ ဘဏ္ဍာရေးတည်ငြိမ်မှု သို့မဟုတ် ကျန်းမာရေး သို့မဟုတ် စီးပွားရေးအပြင် နိုင်ငံခြားရေး မူဝါဒနှင့် သက်ဆိုင်သော နိုင်ငံလုံခြုံရေးများအား ထိပါးသည့် တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းကို အရေးယူ သွားမည်ဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ အိုဘားမားအနေဖြင့် အဆိုပါ လုပ်ပိုင်ခွင့် အသစ်ကို ဖန်တီးခဲ့ရခြင်းမှာ နိုင်ငံ၏ နယ်နိမိတ်ပြင်ပမှပုံမှန်မဟုတ်သည့် ခြိမ်းခြောက်မှုများကို ရပ်တန့်စေလို ခြင်းကြောင့်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သွားခဲ့သည်။

Ref : BBC

Internet Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com