4/06/2015

♪ Asus Transformer Book T300 Chi ရဲ့ အားသာချက် ၊ အားနည်းချက် ၊ အသေးစိတ်ဖော်ပြချက်များ ♫



အားသာချက်
Asus Transformer Book T300 Chi  တွင် စွမ်းအင်ချွေတာ ပေးသော Intel ၏ Core M ပရိုဆက်ဆာအပြင် keyboard ကို ဖြုတ်နိုင်တပ်နိုင်သော dock လည်းပါဝင်သည်။  Laptop ၏ မျက်နှာပြင် ရုပ်ထွက် အရည်အသွေးမှာ HD ထက် သာလွန်သည်။

အားနည်းချက်
Asus Transformer Book T300 Chi သည်အခြား Windows tablet သို့မဟုတ် ultra laptop များထက် ဘက်ထရီ သက်တမ်းတာရှည် ခံမှုမရှိပေ။ ၎င်း laptop ၏ဒီဇိုင်းပိုင်းမှာ ထူးခြားလွန်းပြီး power ခလုတ်အား နေရာချထားပုံမှာ သုံးစွဲသူကို အနှောင့်အယှက် များစွာဖြစ်ပေါ် စေသည်။

အသေးစိတ်ဖော်ပြချက်
Asus Transformer Book T300 Chi ၏မျက်နှာပြင် အရွယ်အစားမှာ ၁၂.၅ လက်မရှိပြီး ပါဝါခလုတ်မှာ အဖုံး၏ ဘယ်ဘက်ထိပ်တွင် ရှိသည်။ Laptop တွင် 128GB SSD နှင့် Bluetooth အသုံးပြု၍ ချိတ်ဆက်ရသော keyboard dock တစ်ခု ပါဝင်လာသည်။ ထို့အပြင်  Laptop အတွင်း RAM 8GB ပါဝင်သည်။ Asus Transformer Book ၏ရုပ်ထွက် အရည်အသွေး 1,920x1,080 မှ 2,560x1,440 အထိ အဆင့်မြှင့်တင် ထားသောဗားရှင်းကို ကန်ဒေါ်လာ ၈၉၉ ဖြင့် ရောင်းချသွားမည် ဖြစ်သည်။  Asus Transformer Book T300 Chi ၏ Graphics မှာ 3839MB (Shared) Intel HD Graphics 5300 ဖြစ်ပြီး Windows 8.1 64bit ကို အသုံးပြုထားသည်။


ထို့အပြင် ဗွီဒီယိုများ ကြည့်ရှုရန် Micro-HDMI ပါဝင်သည့်အပြင် စတူရီယို စပီကာနှစ်လုံး၊ micro-USB 3.0 နှင့် microSD card slot တစ်ခုတို့လည်း ပါဝင်လာသည်။

ဘက်ထရီ
Asus Transformer  Book T300 Chi သည် ၎င်း၏ laptop တွင် Intel ၏ Core M ပရိုဆက်ဆာ အသုံးပြုထားသောကြောင့် ဘက်ထရီ သက်တမ်းမှာ ၆ နာရီခန့်သာ အသုံးပြုနိုင်သည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com