4/06/2015

♪ Android တွင် On-Body Smart Lock ပါရှိလာမည် ♫

2

Android Phone ကို စားပွဲပေါ် သို့မဟုတ် နေရာတစ်ခုပေါ်တွင် ထားရှိလိုက်သည်နှင့် အလိုအလျှောက် Lock ပြုလုပ်ပေးသည့် စွမ်းဆောင်ချက်ကို Google က Android Phone များတွင် ထည့်သွင်းပေးတော့ မည် ဖြစ်သည်။ ထို့အတွက် အခြားသူများက ဖုန်းမှ သတင်းအချက်အလက်များကို မြင်တွေ့နိုင်တော့မည် မဟုတ်ပါ။ အဆိုပါ စွမ်းဆောင်ချက်သည် ဖုန်ုးရှိ Accelerometer ကို အသုံးပြုထားခြင်း ဖြစ်ပါသည်။

Android Police ၏ အဆိုအရ စွမ်းဆောင်ချက်အသစ်ကို On-Body Detection ဟု အမည်ပေး ထားပါသည်။ ပိုင်ရှင်ကဖုန်းကို လက်ဖြင့် ကိုင်ထားခြင်း၊ အိတ်ကပ်ထဲထည့်ထားခြင်း ကဲ့သို့သော ဖုန်းသည် ပိုင်ရှင်၏ ခန္ဓာကိုယ်တွင် ရှိနေသည့်အချိန်တွင် အမြဲတမ်း Unlock ဖြစ်နေမည် ဖြစ်သည်။

Google က ယခုကဲ့သို့ Smart Lock စွမ်းဆောင်ချက်ကို Android 5.0 တွင် ထည့်သွင်းပေးထားပါသည်။ အဆိုပါ စွမ်းဆောင်ချက်အရ ဖုန်းသည် ပိုင်ရှင်၏ Bluetooth Device သို့မဟုတ် NFC Tag အနီးတွင် ရှိသည့်အချိန်တွင် အမြဲတမ်း Unlock ဖြစ်နေမည် ဖြစ်သည်။


Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com