2/11/2015

♪ ZTE က Dual-SIM LTE နှင့် Lollipop ပါရှိသော တန်ဖိုးနည်း Blade S6 ကို ကြေညာ ♫

1

ZTE က Dual-SIM LTE နှင့် Lollipop ပါရှိသော တန်ဖိုးနည်း Blade S6 စမတ်ဖုန်းကို ကြေညာ လိုက်ပါသည်။

Blade S6 တွင် ငါးလက်မ IPS LCD HD Display တပ်ဆင်ထားပါသည်။ ZTE MiFavor 3.0 Interface နှင့် လက်လှုပ်ရှားမှုများဖြင့် သီချင်းဖွင့်နိုင်၊ ဓါတ်ပုံများ ရိုက်ကူးနိုင်သော Smart Sense Motion Gestures များ ထည့်သွင်းထားပါသည်။

Blade S6 ကို Qualcomm Snapdragon 615 Chipset က မောင်းနှင်မည် ဖြစ်ပြီး Android 5.0 ကို ထည့်သွင်းထားသော အစောဆုံး စမတ်ဖုန်းအနည်းငယ်မှ တစ်ခု ဖြစ်လာမည် ဖြစ်သည်။ Chipset တွင် 1.7GHz Core လေးလုံးနှင့် 1GHz Core လေးလုံး ပါရှိပြီး 64-bit Core များ ဖြစ်ပါသည်။

2GB RAM, 16GB Storage နှင့် microSD Card အသုံးပြုနိုင်ပါသည်။ အနောက်ဘက်တွင် 13MP Camera နှင့် အရှေ့ဘက်တွင် 5MP Camera ပါရှိပါသည်။ ငွေနှင့် ပန်းရောင်များ ရွေးချယ်နိုင်ပါသည်။ 2400mAh Battery ပါရှိပါသည်။

ဒေါ်လာ ၂၅၀ တန်ကြေးရှိပြီး တစ်ကမ္ဘာလုံးတွင် ရောင်းချမည် ဖြစ်သည်။



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com