2/17/2015

♪ Vertu က Valentine Day အတွက် စတာလင်ပေါင် ၁၁ ၈၀၀ တန် စမတ်ဖုန်းကို ရောင်းချ ♫

2

တန်ဖိုးကြီး စမတ်ဖုန်းများကို ထုတ်လုပ်နေသော Vertu က Clous De Paris ဟု အမည်ပေးထားသော စမတ်ဖုန်းကို Valentine Day အတွက် ရည်ရွယ် ရောင်းချပေးလိုက်ပါသည်။ တန်ဖိုးကြီး စမတ်ဖုန်းဖြစ်ပြီး Grade 5 Titanium နှင့် မိကျောင်းသားရေများဖြင့် ကိုယ်ထည်ကို ပြုလုပ်ထားပါသည်။

Clous De Paris တွင် ၄.၇ လက်မ 1080p Display ပါရှိပြီး Display ကို အကြမ်းခံစေရန် သလင်းကျောက် မျက်နှာပြင်ဖြင့် ကာကွယ်ထားပါသည်။ Snapdragon 801 Chipset , 64GB Storage, 13MP Camera, Qi Wireless Charging နည်းပညာ ပါသော 2275mAh Battery , LTE ဆက်သွယ်မှု များ ပါရှိပါသည်။

Vertu Clous De Paris ကို စတာလင်ပေါင် ၁၁ ၈၀၀ ဖြင့် Vertu အရောင်းဆိုင်များနှင့် အွန်လိုင်း မှ ရောင်းချပေးမည် ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com