2/14/2015

♪ ဈေးနှုန်းသင့်တင့်သော Newings ဟန်းဆက်များ ဈေးကွက် ဝင်ရောက် ♫


Myanmar Newings Communication Co.,LTD မှ တရားဝင်တင်သွင်းသည့် Newings အမည်ဖြင့် ဟန်းဆက်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာကြောင်းသိရသည်။

CDMA 800MHz အတွက် လိုင်းဆွဲအားကောင်းမွန်ပြီး မြန်မာစာဖြင့် မက်ဆေ့ ပို့/ဖတ်နိုင်သော Keypad ဟန်းဆက်များ၊ WCDMA အတွက် 3G Network ကို အပြည့်အဝ ထောက်ပံ့ပေးပြီး ဆင်းမ်ကတ် နှစ်မျိုး (2G/3G) တစ်ပြိုင်နက် အသုံးပြုနိုင်ကာ Facebook ပါ အသုံးပြုနိုင်မည့် Keypad ဟန်းဆက်များ ရောင်းချ မည်ဖြစ်သည်။

အဆိုပါ ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ပထမဦးဆုံး CDMA 800MHz, WCDMA, GSM သုံးမျိုး အသုံးပြုနိုင်မည့် V-840 မော်ဒယ်(Dual Sim) စမတ်ဖုန်းကိုလည်း ရောင်းချမည်ဖြစ်ပြီး 2G နှင့် 3G Network ကို အပြည့်အဝ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

ရောင်းချမည့် ဟန်းဆက်များအားလုံးကို အာမခံအနေဖြင့် (Official Warranty) ၁၂ လ ပါရှိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဟန်းဆက်များအတွက် Service Centre ကို Myanmar Newings Communication Co.,LTD တည်ရှိရာ အမှတ်(၆၀၂)၊ တပင်ရွှေထီးလမ်း၊ စက်မှုဇုံ (၇)၊ လှိုင်သာယာမြို့နယ်၊ ဖုန်း-၀၉ ၃၀၂၂ ၉၉၁၉နှင့် ဖုန်း-၀၉၉၇၂၀၄၁၁၁၁ ၌ ဖွင့်လှစ်ထားကြောင်း သိရသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com