2/18/2015

♪ KMD မှ Tablet များကို အထူးဈေးနှုန်းများဖြင့် ရောင်းချမည် ♫


KMD မှ နွေရာသီ ကျောင်းပိတ်ရက် အထူးအစီအစဉ်အနေဖြင့် Tablet များကို အထူးဈေးနှုန်းများ၊ မေတ္တာ လက်ဆောင်များဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Android Tablet များ အနေဖြင့် ကျပ် တစ်သိန်းအောက် ၇ လက်မအရွယ် Lenovo A3300 Tablet, Intel CPU နှင့်အတူ စွမ်းဆောင်ရည်မြင့်မားသည့် ၇ လက်မ Dell Venue 7 Tablet နှင့် ၈ လက်မ Dell Venue 8 Tablet, ဘက်ထရီသက်တမ်း ၁၈ နာရီခံပြီး ၁၀ လက်မ အရွယ်အစားရှိ Lenovo Yoga 10 HD+ တို့ ဖြစ်သည်။

Apple Tablet များကိုလည်း iPad Air 2 (4G/Wifi), iPad Mini 3 (4G) အစရှိသည့် မော်ဒယ်များကို Storage ပမာဏအလိုက် အထူးဈေးနှုန်းများဖြင့် ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။ အာမခံ အနည်းဆုံး တစ်နှစ် ပါဝင်သော အထက်ဖော်ပြပါ Tablet များကို နွေရာသီကာလအတွင်း အထူးလျှော့ဈေး၊ မေတ္တာ လက်ဆောင်များဖြင့် အမြို့ မြို့ အနယ်နယ်ရှိ KMD Sales Centre ကြီးများတွင် တူညီသော အခွင့်အရေး များဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။

အသေးစိတ် အချက်အလက်များကို KMD ဖုန်း ၀၁-၃၈၁၁၂၉၊ ၃၈၁၀၃၅  သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ် သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com